Part.3

17.8K 556 4
                                    

အစည်းအဝေးတစ်ခုဆိုတာလူအားလုံးရဲ့အမြင်တွေ ၊သဘောထားတွေကိုဖလှယ်ပြီးဆွေးဆွေးနွေးနွေးတိုင်တိုင်ပင်ပင်ညှိနှိုင်းကာမျှတတဲ့ ဆုံးဖြတ်ချက်တစ်ခုဖော်ဆောင်ရန်ဆိုသော ရည်ရွယ်ချက်ဖြင့်ကျင်းပခြင်းမျိုးဖြစ်သော်ငြား တေး အတွက်ကတော့ထိုသို့မဟုတ်ခဲ့။ လုပ်ငန်း ခွင်အစည်းအဝေးနှင့်မတူဘဲတရားခံတစ်ယောက်က ရှောင်လွှဲချက်တင်ပြနေရသည့်တရားခွင်တစ်ခုနဲ့တောင်ဆင်လှသည်။

"ဒီမှာမောင်ရင် ၊ အန်ကယ်တို့ကဖြစ်သင့်ဖြစ်ထိုက်တာကိုပြောနေတာ "

ဒီကုမ္ပဏီမှာ တေးပြီးရင်ရှယ်ယာအများဆုံးဖြစ်တဲ့ဦးရွှေမိုးပြောနေပုံကဘေးလူသာမြင်ရင်လူငယ်တစ်ယောက်မမှားသင့်တာမမှားရလေအောင်သင်ကြားပြသပေးနေသူလို။

"လူငယ်တွေကတယ်ခေါင်းမာသကိုး "

ညာဘက်ထိုင်ခုံတန်းရှိ ဒုတိယမြောက်နေရာမှ ဦး ရွှေမိုး၏ဘက်တော်သားတစ်ယောက်ကပါ မီး လောင်ရာလေပင့်စကားထပ်ဆိုသည်။ ဒီရက်ပိုင်း ဆက်တိုက်ကျင်းပနေရသည့်အစည်းအဝေးတိုင်း၏ညှိနှိုင်းမှုဆိုတာအမည်ခံသက်သက်သာ ။တကယ်က တေးကိုဖိအားပေးနေတဲ့ ခြိမ်းခြောက်ပွဲများပင်။ခုဖြစ်သွားခဲ့တဲ့ပြဿနာ ကငွေပမာဏတော်တော်များများဆိုတော့ ဟာ ကွက်ရှာနေသည့်မြေခွေးတို့အတွက်ကတော့ တကယ့်ကြီးမားသောအကြောင်းပြချက်ကောင်း ကြီးဖြစ်သွားရသည်။ ပိုးထည်တွေလိမ်ခံရလို့ဆိုပြီး တေးကပဲထိုအရာအတွက်တာဝန်ခံရမည် လား ။တေးက တာဝန်ခံတစ်ယောက်ဖြစ်ပေမဲ့ CEOအပါအဝင်ကျန်တဲ့ရှယ်ယာရှင်တွေကရော အေးအတူပူအမျှလုပ်ဖော်ကိုင်ဖက်ကောင်းတွေ
မဟုတ်ပေဘူးလား ။ရရှိခဲ့တဲ့အကျိုးမြတ်များကိုတော့ ကျေးဇူးတင်စကားတစ်ခွန်းမဟဘဲ မျက်နှာပြောင်ပြောင်နဲ့ခွဲယူခဲ့ကြပြီး အရှုံးကျမှ ကိုယ့်အပေါ် ပုံချနေကြသည်။ တော်တော်တရားကျပါလား ......!

"ဒီပြဿနာဟာကျွန်တော့်ပေါ့ဆမှုတစ်စိတ်တစ်ဒေသပါသွားတယ်ဆိုတာ နားလည်ပေမဲ့ ဆုံးရှုံးသွားတဲ့ပမာဏကို ကျွန်တော်တစ်ယောက်တည်းလျော်ရမယ်ဆိုတာ ဘယ်လိုစကားလဲ"

ဒီလိုယုတ္တိမတန်တဲ့စကားမျိုးပြောထွက်သူများ ကို တေးတကယ်လက်လန်မိပါသည်။ ဒီလို ဥပဒေမျိုးဘယ်စီးပွားရေးလုပ်ငန်းမှာရှိလို့လဲ။ အများနဲ့တစ်ယောက်ဆိုတဲ့နေရာမှာမှန်၏မမှန်၏မဆုံးဖြတ်အများသဘောတူရာကသာ စည်းမျဥ်းဖြစ်နေတဲ့လောကကိုစိတ်ကုန်မိပါသည်။

ဖတ်စေချင်ရုံသက်သက်ပါWhere stories live. Discover now