အခန်း တွင်း အပူချိ န်က သိသိသာ သာ မြ င့်တက်နေ ပါ သည်။အကြော င်း ရင်းမှာ တော့ အဝတ်လဲခန်း ထဲမှထွက်လာ သော ပုံရိပ်တစ်ခုအား ခုတင်ခြေ ရင်းမှာ ထိုင်လျ က် မျ က်ခုံး တွေ တွန့်ချိုး ကာ စိုက်ကြ ည့်နေ သည့် မျ က်ဆန်နက်နက်၏အရှိန်အဝါ ကြော င့်ပင်။
"တခြား ဟာ လဲခဲ့တော့ ၊အဖြူ ဆိုလဲ ရတယ်"
တေး သူ့ကို ဘာ တွေ လာ ပြော နေ တာ လဲ ဆိုသည့်အကြ ည့်နှင့် တစ်ချ က်ကြ ည့်လိုက်၏။ထို့နော က် ဘေး မှာ ရှိနေ တဲ့ မှန်ကော င်တာ ထဲမှ နာ ရီဘူး တစ်ဘူး ကိုယူကာ ကိုယ့်အလုပ် ကိုယ်ဆက်လုပ်နေ လိုက်သည်။
"တေး "
"ကွန်! မဟုတ်တာ တွေ ထိ ဇီဇာ ကြော င်မနေ နဲ့ ၊ သူများ ပွဲကို သွား တက်မှာလေ သူတို့စီစဥ်ထား တဲ့အတိုင်း လိုက်နာ ရမှာ ပေါ့ "
"မော င် ဇီဇာ ကြော င်နေ တာ မဟုတ်ဘူး "
ဒါ ဇီဇာကြော င်နေ တာ မဟုတ်လို့ ဘာ လဲဆိုပြီး တေး စိတ်ထဲကနေ သာပြ န်ပြော နေ မိတော့ သည်။အပြ င်မှာ ထုတ်ပြော လိုက်လို့ သူတစ်ခွန်း ကိုယ်တစ်ခွန်း ငြ င်း နေ ရရင် ဒီနေ့ ပွဲကိုရော က်ဖြ စ်မှာ မဟုတ်ဘူး ။ ဘူး ထဲကနာ ရီကိုထုတ်ပြီး တာ နဲ့ ခုတင်ခြေ ရင်း မှာ ထိုင်နေ သူဆီသွား ကာ သူ့လက်ကိုဆွဲယူ၍ တေး ဝတ်ပေး နေတော့ .......
"မော င်အတည်ပြော နေ တာ ၊ လဲလိုက်"
မာ နက ထိုင်နေ လျ က်သား ကိုမှ တေး က သူ့ရှေ့ မတ်တပ်အနေအထား ရှိနေ တာ ဆိုတော့ မာ နက တေး မျ က်နှာ လေး ကို မော့ကြ ည့်၍ပြော လိုက်ခြ င်း ။
Blazerအနီ pantအနီ bowtieအနီနဲ့ တေး တစ်ကိုယ်လုံး က ပိုး ကတ္တီပါကော င် နီရဲရဲလေး ပမာ ။အမြဲ တမ်း လိုလို ဖြူ လွလွအရော င်တို့ မျ က်စိအေး တဲ့ အရော င်နုလေး တွေ ပဲ ဝတ်နေ ကျ ဆိုတော့ ခုလို အနီတော က်တော က်နဲ့ကျ တေး မျ က်နှာ နုနုလေး က အရိုင်း ဆန်တဲ့ဘက်ကို သွား နေ သည်။
ဆိုး ဆေး မကူပါ ဘဲ သဘာ ဝအလျော က်နီရဲနေ တဲ့ နှု တ်ခမ်း ပါး တွေ က ဝတ်ထား တဲ့အင်္ကျီ ကြော င့် ပို၍အရော င်ကြွ နေ သလို ၊ သလင်း ကျော က်လိုကြ ည်ကြ ည်ပြော င်ပြော င်ဖြ စ်နေ တဲ့ ပါး မို့လေး တွေ ကလည်း အဝတ်နီနီ၏ရော င်ပြ န်ဟပ်ကာ ရှက်သွေး ရော င်ရဲရဲတွေ အတုံး အရုန်း လွှမ်း မိုး နေ ကြသည်။