Episode 4

128 11 1
                                    

နှစ်တွေကြာလာသည်နှင့် အမျှ ၀မ်စံအိမ်တော်ရဲ့ တန်ခိုးအာဏာကြီးပြင်းလာသလို ကလေးနှစ်ယောက်သည်လည်း အရွယ်ရောက်လာခဲ့သည်။ရိပေါ်က ဖခင်ဖြစ်သူနဲ့ ရုပ်သာမက စိတ်ဓာတ်ပါ တူသည်။ဖခင်ဖြစ်သူနဲ့ အစေးမကပ်သော်လည်း ရိပေါ်စိတ်ထဲတွင် ဖခင်ဖြစ်သူကိုလေးစားသည်။ဖခင်လိုမျိုး အောင်မြင်တဲ့သူတစ်ယောက် ဖြစ်ချင်သည်။ကျောင်းမှ ပြန်လာသည့် အချိန်များတွင် စာကြည့်ခန်းထဲကို ၀င်ကာ အဖေဖြစ်သူဖတ်သည့် စာအုပ်များကို ယူဖတ်တတ်သည်။၁၄ နှစ်ရှိပြီဖြစ်သော ရိပေါ်က ကျောင်းစာတွင် ထူးချွန်သော်လည်း စီးပွားရေးကိုသာ စိတ်၀င်စားခဲ့သည်။အဘွားဖြစ်သူထံမှ လက်၀တ်ရတနာနှင့်ပတ်သက်သည့် အကြောင်းအရာများကိုလည်း သိရှိခွင့်ရခဲ့သည်။ကျန်သည့် အချိန်များတွင် ကိုကိုနှင့် အတူတူ စာဖတ်ရင်း ဖတ်ခဲ့သည့် စာအုပ်များကို တစ်ယောက်နှင့်တစ်ယောက် အမြင်ချင်း ဖလှယ်တတ်ကြသည်။

"ကိုကိုက စာအုပ်တွေအရမ်းကြိုက်တာပဲလား"

"စာအုပ်တွေ ကိုကိုတို့ကို နေရာသစ်တစ်ခုကိုခေါ်သွားပေးတယ်လေ။ပြီးတော့ စာအုပ်ထဲကစိတ်ဓာတ်ကြံ့ခိုင်တဲ့ဇာတ်ကောင်တွေကို ကြည့်ရင်း ကိုကိုတို့လည်းသူတို့လိုဖြစ်ချင်လာတယ်လေ။ရိပေါ်တောင် ဟိုနေ့ကပြောနေသေးတယ်မလား။'သွေ့ဟွားပြည်ရဲ့ ဒဏ္ဍာရီ' စာအုပ်ထဲကဇာတ်‌ဆောင်သူရဲကောင်းချန်ဖေးကို သိပ်သဘောကျတယ်ဆိုပြီးတော့"

"အွန်း သူ့ရဲ့ မပြောင်းလဲတဲ့စိတ်ဓာတ်ခိုင်မာမှုကို သဘောကျတယ်"

"ကိုကို အခုတလော သူငယ်ချင်းအသစ်တွေရနေတာလား။"

"ဟုတ်တယ် ကိုကိုတို့ မြို့ကိုပြောင်းလာတဲ့သမားတော်ကျန်းရဲ့သား ကျန်းမင် ။သူကနှစ်လယ်မှရောက်တာဆိုတော့ ကိုကို့ကိုဆရာမက သူ့ကိုစာတွေရှင်းပြပေးဖို့ ပြောထားလို့"

အလိုမကျတဲ့ မျက်နှာဖြစ်သွားသော ရိပေါ်အား
"စိတ်ချပါ ရိပေါ်ရဲ့။ကိုကို ရိပေါ်နဲ့အချိန်တွေကို မလျော့စေရပါဘူး"

"ကိုကိုက အဲ့ဒီလို အမြဲတမ်းပြောတာပဲ။ပြီးရင် တွေ့သမျှလူနဲ့ အပေါင်းသင်းလုပ်နေတာ"

Don't Leave MeWhere stories live. Discover now