Episode 31

1K 57 1
                                        

Ep 3 . Daddyရေ ကျွန်တော့်ဗိုက်ထဲက ကလေးအဖေက ဘယ်သူလဲဗျာ

""Mission ပြီးမြောက်ခြင်းအတွက် ဂုဏ်ယူပါတယ်Host။ ဒေးရဲ့အရင်ဘဝကလို တစ်ဖက်နိုင်ငံကို ရောင်းစားခံရတဲ့ ဘေးအန္တရာယ်ကနေ လွတ်အောင်လုပ်နိုင်ခြင်းအတွက် point 150ရရှိပါတယ်။ စုစုပေါင်းpoint 550မှတ်ပါ ..""

"ဟူး ... ပထမအန္တရာယ်တော့ ရှောင်နိုင်လိုက်ပြီ။ နောက်ထပ်ဇာတ်လိုက်မ ထပ်ပေးမယ့်အန္တရာယ်တွေ ရှောင်ရုံပဲကျန်တော့တာပေါ့ .."

""ဟုတ်ပါတယ် Host ..""

"ဒါနဲ့ညက ဒီအခန်းထဲကို ဘယ်သူလိုက်ပို့ပေးတာလဲ .."

""မစ္စတာဒင်းပါ host ..""

"Daddy င့ါခန္ဓာကိုယ်နဲ့ပတ်သက်ပြီး သံသယဝင်စရာ တွေ့သွားသေးလား Ai1 .."

""စိတ်မပူပါနဲ့host အခုချိန်ထိတော့ မတွေ့သေးပါဘူး ..""

"ငါ့ချစ်သူနဲ့ပတ်သက်ပြီးတော့ရော ဘယ်လိုရှာရမလဲဟင် .."

""ကျွန်တော်အနည်းဆုံး ပြောပြနိုင်တာတော့ Hostရဲ့ချစ်သူက Hostနဲ့အနီးဆုံးမှာ ရှိနေပါတယ်။ အင်း ... Hostက ...  Host ချစ်သူနဲ့ရှိတဲ့အချိန် သတိမထားမိပေမယ့်ပေါ့ ..""

"မင်းအဲ့လောက်သိထားတာကို အခုမှပြောပြရသလားလို့ .."

""Hostကလည်း အခုမှမေးတာလေ။ ပြီးတော့ကျွန်တော်ကလဲ Systemစည်းမျဉ်းတွေရှိသေးတာမို့ သိထားသမျှ အကုန်ပြောပြလို့မရပါဘူး ..""

"ရား! ... စိတ်တိုစရာကောင်းလိုက်တာ ၊ နောက်Missionရှိရင် ပြောပြတော့ .."

""ကျောင်းပိတ်နေစဉ် အတောအတွင်း အောင်မြင်ကျော်ကြားတဲ့ စကိတ်သမားလေး ဖြစ်အောင်လုပ်ပြီး လူအများရဲ့ချစ်ခင်မှုကို အရင်ရယူထားရမှာပါ။ ရရှိမယ့်pointက 150မှတ်ပါပဲ ..""

"ဟုတ်ပြီလေ ဒါဆိုရင်စကိတ်စီးဖို့အတွက် Dadddyကို အခုပဲပြောလိုက်တော့မယ် .."

James အောက်သို့ဆင်းခဲ့ပြီး Daddyကို သွားရှာလိုက်တော့သည်။ သို့ပေမယ့် Daddyကိုဘယ်မှာမှ မတွေ့တာကြောင့် Jamesစိတ်ထဲအလိုမကျ ဖြစ်လာတော့သည်။ လက်ထဲကကိုင်ထားတဲ့ ဖုန်းလေးထဲက Daddyဖုန်းနံပါတ်ကိုခေါ်၍ Daddyဘယ်မှာလဲဟု လှမ်းမေးလိုက်တော့သည်။

𝙰𝚒 𝚂𝚢𝚜𝚝𝚎𝚖 .{𝙾𝚗𝚐𝚘𝚒𝚗𝚐.....}Where stories live. Discover now