"တီချယ့်နောက်ကို လိုက်ခဲ့.."
အရှေ့ကနေထွက်သွားတဲ့ တီချယ့်နောက်ကို ငယ် အမှီလိုက်ရပြန်သည်။နားနေခန်းဖြစ်ပုံရသည့် အခန်းထဲကိုရောက်တော့ တီချယ်ကခုံမှာထိုင်လိုက်သည်။ငယ်လည်း တီချယ့်ရှေ့မှာရပ်လိုက်ပြီး လက်ပိုက်ထားလိုက်သည်။
"တီချယ့်ကို မှန်မိလား ကလေးမ.."
"ရှင်.."
အဆူခံရမည်အထင်နှင့် ခေါင်းငုံ့ထားပေမယ့် အမေးခံလိုက်ရတဲ့ မေးခွန်းကြောင့် ငယ် ခေါင်းမော့ကြည့်လိုက်သည်။
"ကြည့်ရတာ မှတ်မိမဲ့ပုံလဲ မပေါ်ပါဘူး.."
ပြုံးပြုံးလေးပြောနေတဲ့ တီချယ့်ကို ငယ် နားမလည်စွာ ကြည့်နေမိသည်။မြင်ဖူးတယ်လို့ ထင်မိပေမယ့် ဘယ်မှာတွေ့ဖူးခဲ့လဲဆိုတာကို ငယ် တကယ်မမှတ်မိပါ။
"မနေ့က တီချယ့်ကားနဲ့ ကလေးမကို တိုက်မိတာလေ မှတ်မိပြီလား.."
"ရှင် အဲ့တာ တီချယ်လားဟင်..."
"ဟုတ်ပါသတဲ့ ရှင်..တီချယ်က ကလေးမ အဆင်မှပြေရဲ့လားလို့ စိတ်ပူနေတာ ကျောင်းတောင်လာတက်တယ်ဆိုတော့ အခြေနေကောင်းတယ်ထင်တာပဲ"
"ဟုတ်ကဲ့ သမီးဘာမှမဖြစ်ပါဘူး တီချယ်။ဒါပေမဲ့ အိမ်ရောက်တော့ ခြေချင်းဝတ်ကို ဆေးတော့လိမ်းလိုက်ရတယ်.."
"ခုကောဘယ်လိုနေသေးလဲ ကလေးမ ခြေထောက်က နာနေသေးလား။နာနေသေးရင် ကျောင်းဆင်းတဲ့အခါ ဆေးခန်းသွားကြမလား.."
စိတ်ပူစွာနဲ့ မေးလာတဲ့ တီချယ့်ကြောင့် ငယ် ပြုံးလိုက်ပြီး...
"သမီး သက်သာသွားပါပြီ တီချယ်။ညက ဖြစ်ခါစမို့ပါ ပြီးတော့ မိုးလည်းနည်းနည်းအေးတယ်လေ အဲ့တာကြောင့်ပါ.."
"ဟုတ်ပါပြီ တီချယ် အခုလို မေးရတယ်ဆိုတာကလည်း တော်ကြာ တီချယ့်က ကားနဲ့တိုက်ပြီး တာဝန်မယူဘဲ ပစ်ထားတယ်ဆိုပြီး ရဲတိုင်နေမှာစိုးလို့.."
တီချယ့်ရဲ့ စကားအဆုံးမှာ ငယ် ဟက်ဟက်ပက်ပက်ရယ်မိသည်။
"ဟား ဟား တီချယ်ရယ် မဖြစ်နိုင်တာတွေ.."
ငယ် ရယ်တော့ တီချယ်အနည်းငယ် ရှက်သွားပုံရပြီး မျက်နှာလေးရဲတက်လာကာ ခေါင်းငုံ့သွားသည်။
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။