"ငယ်လေးရေ ဒီမှာ သွေးရောက်နေတယ်ဟေ့.."
စနေနေ့ရောက်ပြီမို့ ဆရာမဟာ သူကတိအတိုင်း ငယ့်ဆီသို့ရောက်လာလေသည်။ပြင်ဆင်ပြီးသွားပြီမို့ အောက်ထပ်ကိုဆင်းကာ ဆရာမအနားဝင်ထိုင်လိုက်သည်။
"ဆရာမ ဒီနေ့အရမ်းမိုက်နေတယ် သိလား.."
"အံမယ် ဆရာတပည့်ချင်း ကပ်မြှောက်နေပြန်ပြီ.."
"တကယ်ပါဆရာမရဲ့.."
တကယ်လည်းဆရာမ ဒီနေ့ပုံးစံဟာ အရမ်းကြည့်ကောင်းသည်။အဖြူအစိမ်းနဲ့ အမြဲ တွေ့နေကျဆရာမဟာ ဒီနေ့ crop top အဝါရောင်ကိုဝတ်ထားပြီး အပေါ်ကနေ ဂျင်း လက်ရှည်ထပ်ဝတ်ထားပြီး ဂျင်းဘောင်းဘီ အနက်ရောင်ကို ဝတ်ထားသည်။အင်္ကျီအတိုအောက်က ခါးသွယ်သွယ်လေးက အနည်းငယ်ပေါ်နေသေးသည်။ ဆံပင်ကို ခပ်မြင့်မြင့်စည်းထားပြီ ရှေ့ဆံမြိတ်ကို အလယ်ခွဲကာ ဘေးချထားတာမို့ လူငယ်ပုံစံ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်ကောင်းလွန်းသည်။
"နင်တို့ နှစ်ယောက်က ဘယ်သွားကြမလို့လဲ"
"ကလေးလေးကို ကစားကွင်းလိုက်ပို့ပေးမလို့လေ..."
"ဟုတ်လားလေပြေကော မပါဘူးလား.."
"သူက ဒီနေ့ သူ့အမေ ဆေးရုံသွားပြရမှာဟ မအားဘူး.."
"အော်...ငယ်လေး အပြင်သွားရင်ဆို ဆရာမအနားမှာပဲနေနော်။တစ်ယောက်တည်းလျှောက်မသွားနဲ့ ကြားလား။ဆရာမစကားလည်းနားထောင်.."
"ဟုတ်ကဲ့ ဦးဦး.."
"သွေး ရောက်နေတာလား သား.."
ဘွားဘွားက ခုံမှာဝင်ထိုင်ရင်းမေးလေသည်။
"မတွေ့တာကြာပြီနော် အနိတီ နေကောင်းတယ်မလား.."
"ကောင်းပါတယ်သမီးရယ်။ဒီလိုပါဘဲ အသက်အရွယ်လေးရလာတော့ ဒူးနာခါးနာတော့ ရှိတာပေါ့။သားကတော့ ပြောတယ်။သမီးနဲ့လေပြေ ဒီပြန်ရောက်နေပြီတဲ့.."
"ဟုတ်တယ် အန်တီ။မေမေက ဒီအရပ်မှာပဲ ပြန်ပြီးအခြေချချင်တယ်ဆိုတာနဲ့ သမီးလည်း ဒီကိုပဲ အပြောင်းတင်လိုက်တာ။လေပြေနဲ့တစ်ကျောင်းတည်းကျမှန်းတောင် ဒီရောက်မှ သိရတာ.."
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။