ဆရာမ အိမ်ကနေပြန်လာတော့ ဧည့်ခန်းထဲမှာ ထိုင်နေတဲ့ တီချယ့်ကြောင့် ညနေက တီချယ်ပြောလိုက်တာကို ငယ် သတိရသွားသည်။
"တီ တီချယ် မအိပ်သေးဘူးလား ဟင်..."
"ဟင့်အင်း ကလေးမကို စောင့်နေတာလေ။အတူတူ ထမင်းစားမယ်လို့ ပြောထားတယ်မလား..."
မစောင့်ပါစေနဲ့ ဆုတောင်းမိပေမဲ့ မပြည့်ခဲ့ပါ။ခုလေးတင်မှ ဆရာမဆီမှာ ထမင်းစားခဲ့တာမို့ ငယ် ဆက်မစားနိုင်တော့ပါ။တစ်ဆက်တည်းမှာပဲ ငယ့်ကို စောင့်နေသည့် တီချယ့်ကိုလည်း အားနာမိသည်။
"ကလေးမ လာလေ။ဘာလုပ်နေတာလဲ။တီချယ် ဗိုက်ဆာနေပြီနော် သိရဲ့လား။ရှင်လေးကို စောစောပြန်လာခဲ့ပါဆိုတာကို စကားလည်းနားမထောင်ဘူး..."
"တီချယ် ဟို ဟိုလေ သမီးက..."
ထမင်းဝိုင်းမှာ ထမင်းခူးဖို့ ပြင်နေသည့် တီချယ့်က ငယ့် အသံကြောင့် လှမ်းကြည့်လာသည်။
"ဘာလဲ ကလေးမရဲ့ လူကိုခေါ်တုန်းကခေါ်ပြီး ပြောစရာရှိတာကို ဆက်ပြောလေ..."
"တီချယ် ဟိုလေ။သမီး သမီး ဆရာမအိမ်မှာ ထမင်းစားခဲ့တယ်.."
ငယ်ပြောလိုက်တော့ ထမင်းခူးနေတဲ့ တီချယ့်ရဲ့ လက်တွေဟာ ရပ်တန့်သွားကာ ငယ့်ကိုကြည့်လာသည်။ဒေါသတွေမပါပေမဲ့ ဝမ်းနည်းသွားတဲ့ မျက်ဝန်းမျိုးကြောင့် ငယ် ခေါင်းငုံ့ထားမိသည်။ဖြစ်နိုင်ရင် တီချယ်နဲ့အတူ ထမင်းစားချင်ပေမဲ့ ငယ် တကယ်လည်း မစားနိုင်တော့ဘူးလေ...
"ကလေးမက စားပြီးသွားပြီလား။အင်းပါ အဲ့တာဆို တီချယ် ဒါတွေကို သိမ်းလိုက်တော့မယ်နော်..ကလေးမကို မေမေက ပြန်ရောက်ရင် လာခဲ့ပါဦးတဲ့ သွားတွေ့လိုက်ဦး..."
"ဟို တီချယ် မစားရသေးဘူးမလား။မစားတော့ဘူးလားဟင်.."
"ဟင့်အင်း မစားတော့ဘူး။တီချယ် စားချင်စိတ် မရှိတော့လို့..."
အတတ်နိုင်ဆုံး အားယူကာ ပြုံးပြနေရပေမဲ့ လေပြေ့ရင်ထဲ ဝမ်းနည်းစိတ်တွေဟာ လှိုက်တက်လာသည်။ကလေးမကို အပြစ်တင်တာမျိုး မဟုတ်ပေမဲ့ ကိုယ့်စကားကို အလေးမထားလို့ ဝမ်းနည်းမိတာတော့ အမှန်ပါ။ကလေးမ မေမေ့အခန်းထဲ ဝင်သွားတော့မှ မျက်ရည်များဟာ အတားအဆီး မရှိကျလာသည်။စားပွဲပေါ်က ထမင်းဟင်းတွေကို သိမ်းလိုက်ပြီး အခန်းထဲဝင်ကာ အိပ်ဖို့ကြိုးစားလိုက်ပေမဲ့ ငိုချင်စိတ်ကသာ ကြီးစိုးနေသည်။
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။