သွေးနဲ့ကလေးလေးတို့ နှစ်ယောက်ကြားက လေထုဟာ အေးစက်လွန်းလှသည်။တစ်ယောက်မျက်နှာတစ်ယောက်ကြည့်နေကြပေမယ့် ဘာစကား တစ်ခွန်းမှတော့ ထွက်မလာခဲ့ပါ။သွေး ပြောလိုက်မိတာ မှားများသွားပြီလား...
"သမီးကို ဆရာမ ဘယ်လို သဘောထားသလဲ ဆရာမ.."
တိတ်ဆိတ်မှုကို စတင်ဖြိုခွင်းလိုက်တာက ကလေးလေးရဲ့ အေးစက်စက်စကားတစ်ခွန်းနဲ့ပင်။
"ဆရာမ ကလေးလေးကို ချစ်တယ်.."
"သမီးမေးတာ အဲ့တာမှ မဟုတ်ပဲ။သမီးကို ဘယ်လိုသဘောထားသလဲ လို့မေးတာပါ။ဆရာမအမြင်မှာ သမီးက ဆရာမတွဲခဲ့ဖူးသမျှ လူတွေနဲ့ သိပ်များတူနေသလား.."
"အိုကွယ် မဟုတ်တာ။ဆရာမ ကလေးလေးကို ဘယ်တုန်းကမှ သူတို့နဲ့ မနှိုင်းယှဉ်ခဲ့ဖူးပါဘူး။ဟင့်အင်း မဟုတ်ဘူး နှိုင်းလို့ကို မရတာ။ကလေးလေးက သူတို့နဲ့ နှိုင်းယှဉ်လို့ မရလောက်အောင်ထိ ဆရာမတွက် အရေးပါနေတာ..."
"ဟက် ဒါကြောင့်မို့ ဒီလိုစကားမျိုးကို အလွယ်လေး ပြောထွက်တာပေါ့လေ ဟုတ်သလား.."
သွေး ပြောခဲ့မိတာတွေအတွက် နောင်တရသလို ခံစားနေရပါပြီ။သွေး မေ့သွားခဲ့တာ ကလေးလေးက အချစ်နဲ့ပက်သက်လာရင် နာကျင်စရာ ခံစားချက်တွေ ရှိခဲ့တယ် ဆိုတာကိုပါ။ဒါပေမယ့် နောက်ဆုတ်လို့ မရတော့တဲ့ အခြေနေမှာ သွေး သေချာပေါက် ရှေ့ဆက်တိုးရပါလိမ့်မယ်။
"ဆရာမအတွက် ဒီစကားကို ပြောထွက်ဖို့ အရမ်းလွယ်နေတယ်လို့ ကလေးလေးက ထင်နေတာလား။မမြိုသိပ်နိုင်လွန်းလို့သာ ပြောလိုက်မိတာပါ အမှန်ဆို ဒီစကားတွေကြောင့် ကလေးလေးနဲ့ ဝေးရမှာကိုတော့ ဆရာမကြောက်မိသား..."
"ဆရာမရဲ့ အချစ်တွေထဲမှာ သမီးက နံပါတ်ဘယ်လောက်များလဲ.."
ခနဲ့တဲ့တဲ့လေသံနဲ့ မေးလာတဲ့ ကလေးလေးရဲ့စကားဟာ ဘာကိုဦးတည်နေပါသလဲ။
"ယောက်ျားတစ်ယောက်ကို သုံးရက်လောက်တွဲပြီး ဖြတ်ရတာ စိတ်ကုန်သွားလို့ သမီးဆီ မြားဦးလှည့်လာတာလား.."
"ကလေးလေး!!"
ဒီအကြောင်းတွေကို ဘယ်ကသိလာခဲ့မှန်းမသိပေမယ့် ကိုယ့်အချစ်ကို စော်ကားတဲ့ စကားလုံးတွေသုံးပြီး နှိမ့်ချနေတာမျိုးကိုတော့ သွေး လက်မခံနိုင်ပါ။
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။