"ထွက်သွား!!ခင်ဗျားကြီး ကျုပ် မျက်စိရှေ့ကနေ ထွက်သွား..."
"သမီးရယ် ဖေဖေက.."
"ပိတ်ထား ခင်ဗျားပါးစပ်ကနေ အဲ့စကားလုံးကို မထွက်နဲ့!!ခင်ဗျားကြီးနဲ့ မတန်ဘူး ကျုပ်ရှေ့ကနေ ထွက်သွားလို့!!"
မျက်လုံးများနီရဲကာ လည်ပင်းကြောများထောင်လာသည်ထိ အားကုန်အော်ဟစ်ကာ မောင်းထုတ်နေမိသည်။ဒေါသအရှိန်ကြောင့် အသက်ရှုသံတွေဟာ မြန်ဟာသလို အသားများပင် တစပ်စပ်တုန်နေသည်။သွယ်နဲ့ရောင်နီတို့ကလည်း တစ်ခါမှ မမြင်ဖူးတဲ့ ငယ့်ရဲ့ပုံစံကြောင့် အံ့ဩကာ ကြည့်နေကြသလို ဘွားဘွားဟာလည်း တစ်ခွန်းတစ်လေမှ ဝင်ပြောခြင်းမရှိပေ။
"ငယ်လေး.."
ဦးဦးဟာ အိမ်ထဲကနေ ထွက်လာကာ ဒေါသထွက်နေတဲ့ ငယ့်ရဲ့ပခုံးကို ဆုတ်ကိုင်ထားလေသည်။
"ဦးဦး အဲ့လူကြီးကို ငယ် မမြင်ချင်ဘူး။ထွက်သွားခိုင်းလိုက်ပါ။မဟုတ်ရင် ငယ် တစ်ခုခု လုပ်မိတော့မယ်.."
"အေးပါ ငယ်လေးရယ် စိတ်ထိန်းပါကွယ် ဦးဦးရှိတယ်လေ နော်..အောင်ခန့် မင်းကိုလည်း ငါတောင်းပန်ပါတယ်ကွာ ပြန်လိုက်ပါတော့။ငါ့တူမလေးကို ဒီ့ထက်ပိုပြီး အခြေနေဆိုးအောင် မလုပ်ပါနဲ့ကွာ ငါတကယ် တောင်းပန်ပါတယ်..."
ထွန်းတောက် ဒေါသထွက်နေတဲ့ ငယ်လေးကို သူ့ရင်ခွင်ထဲ မျက်နှာအပ်ခိုင်းထားလိုက်ပြီး အောင်ခန့်ကို လှမ်းပြောလိုက်သည်။
"မဟုတ်ဘူး ထွန်းတောက်။ငါ သမီးလေးကို လာကြည့်တာလေကွာ။ငါ သတိရလို့ ဒီနေ့ သမီးလေးမွေးနေ့အတွက် လက်ဆောင်လာပေးတာပါကွာ..."
ယောက်ျားတန်မဲ့ မျက်ရည်များကျဆင်းကာ ပြောနေသည့် အောင်ခန့်ကို ထွန်းတောက် သနားမိသော်လည်း အခုချိန်က တကယ့်ကို အချိန်ကောင်း မဟုတ်သေးပေ။
"မလိုဘူး။ခင်ဗျားဆီက ဘာတစ်ခုကိုမှ မလိုချင်ဘူး။ခင်ဗျားနဲ့ ပက်သက်သမျှတွေကို ရွံလွန်းလို့ ဖြစ်နိုင်ရင် ကျုပ် ခန္ဓာကိုယ်ထဲက ခင်ဗျားရဲ့သွေးတွေကိုတောင် ဖောက်ထုတ်ဖြစ်ချင်တယ်.."
"သမီးရယ် ဖေဖေ့ကို ဘာလို့အဲ့လောက်တောင် အပြစ်မြင်နေရတာလဲကွယ်..."
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။