part 13

131 13 4
                                    

"ဟင့်အင်း သမီး မပြောချင်ဘူး။ဆရာမကို ကြောက်တယ်။သမီး ဆရာမကို ကြောက်တယ်လို့.."

"တောက်စ်!!ကလေးလေး ဆရာမက မင်းကို ဘာလုပ်နေလဲ ဟင်။ဆရာမက မင်းကိုဘာလုပ်လို့ မင်းက ဒီလောက်တောင် ကြောက်နေရတာလဲလို့.."

"ဘာလုပ်လို့လဲ ဟုတ်လား။ဆရာမ ဆရာမသမီးကို.."

ထိုနေ့က ကိစ္စကို ငယ် ပြောချင်သော်လည်း စကားလုံးများဟာ ငယ့်လည်ချောင်းထဲမှာ တစ်ဆို့နေသည်။ငယ် ပြောမထွက်ပါ။ကိုယ် သံယောဇဉ်ရှိပြီး လေးစားရတဲ့ ဆရာမက ကိုယ့်ကို အဓမ္မကျင့်ဖို့ ကြိုးစားတယ်ဆိုပြီး ငယ် ဘယ်လိုများ ပြောထွက်ပါ့မလဲ။

"တီချယ့် ဘယ်မှာလဲ။တီချယ့်ကိုသာ ခေါ်ပေးပါနော်..."

အပြင်ခဏဆိုပြီး ထွက်သွားတဲ့ တီချယ်က ခုချိန်ထိ ပြန်မလာသေးတာကို သိပေမယ့် အားကိုးတကြီး ခေါ်နေမိသည်။ငယ့် လုပ်ရပ်က ဆရာမကို ပိုပြီးဒေါသဖြစ်သွားစေမှန်း သိပေမယ့် ငယ် ဆရာမနဲ့စကား မပြောရဖို့က ပိုပြီးအရေးကြီးတာမို့ ဒေါသထွက်သွားလည်း ဂရုမစိုက်နိုင်တော့ပါ။

"တောက်စ်!!မုန်တိုင်းငယ် မင်းက သူ့ကို အဲ့လောက်တောင် အားကိုးနေတယ်ပေါ့ ဟုတ်လား ဟင်။ဘာလို့လဲ ဘာလို့ မင်းပါးစပ်က သူ့နာမည်ကိုပဲ ရွတ်နေရတာလဲ။ငါ့ရင်တွေနာတယ် သိရဲ့လား ဟင်။မင်း သူ့ကိုအားကိုးတကြီး ခေါ်တိုင်း ငါ့ဒီရင်ဘတ်ကြီးထဲက နာတယ်လို့.."

သွေး ကိုယ့်ရင်ဘတ်ကို တဘုန်းဘုန်းထုရင်း အော်ပြောနေမိသည်။တကယ်ခံရခက်ပါသည်။ကိုယ်ချစ်ရတဲ့သူတစ်ယောက်က ကိုယ့်ထက် တခြားသူကိုပိုပြီး အားကိုးချင်နေတာ သွေးတွက် တကယ်ကို ခံရခက်သည်။ရှေ့မှာထိုင်နေတဲ့ သူ့လက်မောင်းတွေကို ဆွဲကိုင်လိုက်ပြီး

"နောက်တစ်ခါဆို ငါ့ရှေ့မှာ သူ့ကိုအားကိုးသလို ပုံစံတွေ လုပ်မပြနဲ့ မုန်တိုင်းငယ်။ငါ နင့်ကို ဟိုတစ်နေ့ကထက် ပိုဆိုးတာတွေ လုပ်မိလိမ့်မယ်.."

ရင်ဘတ်ထဲက နာကျင်မှုကို မခံစားနိုင်လွန်းလို့ ပြောလိုက်မိပေမယ့် ကလေးလေးအတွက်ကတော့ ခြိမ်းခြောက်လိုက်သလိုဖြစ်သွားမယ်ဆိုတာ သွေး သဘောမပေါက်ခဲ့ပေ။

ထပ်တူညီစွာအချိုးကျသည်။Where stories live. Discover now