"ဆရာမ..."
"ကလေးလေး...ကလေးလေးက ဒီကိုရောက်နေတယ်..."
အံ့ဩသွားကာ ငယ့်အနားကို အမြန်လေးလာနေတဲ့ ဆရာမကို ငယ် ပြုံးပြလိုက်ပြီး...
"ငယ့်ကို တီချယ် ခေါ်လာတာလေ။ဒီညဒီမှာ အိပ်မှာ..."
ကလေးလေးကို အမှတ်မထင်တွေ့လိုက်ရလို့ပျော်ပေမဲ့ လေပြေ့အိမ်မှာဆိုတဲ့ အတွေးကြောင့် ချက်ချင်းပဲ အပျော်တွေ လွင့်စင်သွားခဲ့သည်။ပြီးတော့ ကလေးလေးက ဒီမှာ အိပ်မှာတဲ့။သွေး ခြေတစ်လှမ်းနောက်ကျသွားတာများလား...
"သမီးဆီလာတာလား သမီးသွေး.."
အန်တီဝင်းရဲ့အသံကြောင့် အတွေးစများကိုဖြတ်ကာ..
"ဟုတ်ကဲ့ အန်တီဝင်း သမီးကားပျက်သွားလို့ မနက်သူနဲ့အတူ လိုက်မယ်ဆိုတာ လာပြောတာ.."
"အော် အေး အေး သူငယ်ချင်းနှစ်ယောက် အတူသွားကြပေါ့..."
"မိသွေး မလာစဖူးအလာထူးလို့ပါလား။ဘာလာလုပ်တာလဲ.."
တီချယ်က လှေကားပေါ်ကနေ တစ်ဆင့်ချင်းဆင်းလာရင်းမေးလေသည်။ပြီးနောက် ငယ့် ဘေးမှာဝင်ထိုင်လိုက်သည်။
"ငါ့ကားပျက်နေလို့ အဲ့တာ နင်နဲ့ကျောင်းကိုအတူလိုက်မယ်ဆိုတဲ့အကြောင်း လာပြောတာ..."
"အော်.."
"ဒါနဲ့ ကလေးလေးက ဘယ်လိုလုပ်ပြီး နင့်အိမ်ရောက်နေတာလဲ..."
"ဒီနေ့ ငါတို့နှစ်ယောက်ဘုရားသွားကြတာလေ။အပြန်ကျ စောနေသေးလို့ အိမ်ခေါ်လာတာ။မေမေက ချက်ချင်းတွေချစ် ချက်ချင်းတွေမခွဲနိုင်ဖြစ်နေလို့ ဒီည ဒီမှာပဲ အိပ်ခိုင်းလိုက်တာ.."
"ထွန်းတောက်ကိုကော ပြောပြီးပြီလား.."
"ခုလေးတင် ဖုန်းဆက်ပြီးပြီ။ငါနဲ့အတူဆိုရင် ပြီးတာပဲတဲ့.."
"အေးပါ..."
ရင်ထဲမှာ ကလေးလေးနဲ့ပက်သက်ပြီး ဖြစ်ပေါ်နေတဲ့ ခံစားချက်တွေဟာ လေပြေနဲ့ကလေးလေးကို အတူတွဲတွေ့လိုက်ရတိုင်း မထိန်းချုပ်နိုင်လောက်တဲ့ထိ ပြင်းထန်လာတတ်သည်။ခုလည်း ဒီလိုပါပဲ...ကိုယ်မဟုတ်တဲ့ တခြားသူတစ်ယောက်ကို ကလေးလေးအနားမှာ ရှိမနေစေချင်။သူငယ်ချင်းဖြစ်နေရင်တောင်ပေါ့...
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။