"ငယ် နင်လမ်းလျှောက်နိုင်ရဲ့လား။ငါလိုက်ပို့ပေးမယ်လေ..."
ခြေထောက်က ဒဏ်ရာကြောင့် ကျောင်းဆင်းတော့ ငယ် လမ်းလျှောက်ရတာ အဆင်မပြေ။အရင်နေ့တွေက ဦးဦးလာကြိုတတ်ပေမဲ့ ဒီနေ့ကျမှ ဦးဦးကလည်းရောက်မလာတာမို့ ငယ် အခက်တွေ့နေလေသည်။ငယ် အဆင်မပြေမှန်းသိတော့ သွယ်က စက်ဘီးတွန်းရင်း လှမ်းမေးလေသည်။
"ရတယ် သွယ်။နင်နဲ့ ငါနဲ့က လမ်းတူတာမှမဟုတ်တာ။နင်တကူးတကကြီးဖြစ်နေမှာပေါ့.."
"ဒါပေမဲ့ နင့်ခြေထောက်က လမ်းလျှောက်လို့ အဆင်မပြေဘူးမလား။လာပါ ငါလိုက်ပို့ပေးမယ်..."
"နေပါစေတော့ဟာ ရပါတယ်။ငါ အဆင်ပြေသလိုပဲ ပြန်လိုက်တော့မယ်...သွားပြီဟေ့ တာ့တာ.."
သူငယ်ချင်းဖြစ်သူကို လက်ပြကာ အိမ်သို့လမ်းလျှောက်ပြန်လာခဲ့သည်။ခြေဖဝါးနာနေတာမို့ လမ်းလျှောက်ရင် အနည်းငယ်နာသလို ထော့နဲ့ထော့နဲ့လဲ ဖြစ်နေသေးသည်။
"ကလေးလေး..."
ငယ် ဘေးကနေ ဆရာမက ကားရပ်ပြီးခေါ်လေသည်။ငယ် ဆရာမကားနားကို သွားလိုက်ပြီး...
"ဆရာမ ဘယ်သွားမလို့လဲ ဟင်။အိမ်က ဟိုဘက်ကနေ ပြန်ရမှာ မဟုတ်ဘူးလား.."
"ဟုတ်တယ်လေ။ဒါပေမဲ့ ရှင်လေးကို စိတ်မချလို့ ပြန်လိုက်ပို့ပေးမလို့..."
"အာ မဟုတ်တာပဲ ရပါတယ် ဆရာမရဲ့။ငယ် ပြန်လို့အဆင်ပြေပါတယ်..."
"ဘာကို အဆင်ပြေတာလဲ။ဆရာမ အနောက်ကနေကြည့်နေတာ ကလေးလေးလမ်းလျှောက်တာ ထော့နဲ့ထော့နဲ့ဖြစ်နေတယ်။လာပါ ဆရာမလိုက်ပို့ပါ့မယ်.."
ဆရာမခေါ်တာကို ငယ် ငြင်းဖို့လည်း အားနာတာမို့ ကားနောက်ခန်းထဲဝင်ထိုင်လိုက်သည်။
"အယ် တီချယ်လည်းပါလာတာလား.."
ငယ် ကားပေါ်တက်လိုက်မှ ဆရာမ ဘေးနားမှာ ထိုင်နေတဲ့ တီချယ့်ကိုတွေ့ရသည်။စောနက ဆရာမနဲ့ကွယ်နေတာမို့ တီချယ်ပါလာမှန်း မသိလိုက်..
"မပြောချင်ပါဘူး။ဒီငရှုပ်မပေါ့ သူ့ကားကို ထားခဲ့ပြီး ဆရာမကားနဲ့ လိုက်လာတယ်လေ။ဆရာမက သူ့အိမ်ကိုတစ်ခေါက်ပြန်လိုက်ပို့ရဦးမယ်.."
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။