"ကလေးလေး မျက်နှာလည်း မကောင်းဘူး။ဘာဖြစ်လို့လဲဟင် နေမကောင်းလို့လား.."
မနက်ကတည်းက လူကနွမ်းသလိုဖြစ်နေတာမို့ ငယ့်မျက်နှာဟာ အနည်းငယ် ညှိုးနေလေသည်။ဆရာမ အတန်းချိန်ဖြစ်တာကြောင့် မြန်မာဖတ်စာအုပ်ထုတ်နေတုန်း အနားရောက်လာပြီး ဆရာမက မေးလေသည်။
ဆရာမနဲ့ ပြန်အဆင်ပြေပြီးတဲ့နောက်ပိုင်း ဆရာမက ငယ့်အနားပိုကပ်လာသလို ငယ်နဲ့အရင်ကထပ်ပိုပြီး ရင်းနှီးလာလေသည်။ကျောင်းမှာရော အိမ်မှာပါ ငယ့်ကို မျက်စိဒေါက်ထောက် ဂရုတစိုက်ရှိတာမို့ ငယ် ဒီအခြေနေမှာ သာယာနေမိတာတော့အမှန်ပင်။
"သမီး နေရတာ မလန်းလို့ပါ ဆရာမ.."
"ဟုတ်လား မှန်းစမ်း နေများမကောင်းလို့လား.."
ငယ့် နှဖူးပြင်ပေါ်ကို ဆရာမရဲ့ လက်နွေးနွေးလေး ကျရောက်လာတော့ ငယ် အသက်အောင့်ထားမိသည်။ရင်ဘတ်ထဲက အကောင်ပေါက်ဟာလည်း ဒုန်းစိုင်းပြေးနေသည်မှာ ပေါက်ထွက်လုမတတ်ပင်။ငယ့်ရင်ဘတ်ကြီးက အဲ့လို တဒုန်းဒုန်းဖြစ်နေတာကို ငယ် မကြိုက်ပါ။တီချယ်ရဲ့ အထိတွေ့တွေကို ခံစားရတိုင်းလည်း ထိုနည်းလည်းကောင်း ဖြစ်နေသည်ကို ငယ် ပိုလို့ပင် သဘောမတွေ့ပေ။
"ကိုယ်လည်း မပူပါဘူး။ခု ဘယ်လို ဖြစ်နေလို့လဲ ကလေးလေး.."
"သမီး ဘာမှ မဖြစ်ပါဘူး ဆရာမရဲ့။ဒီတိုင်း နေရတာ မလန်းလို့ပါ။ဆရာမ စာသင်စရာရှိတာ ဆက်သင်လေ နော်.."
"အင်းပါ။နေမကောင်းလို့ အိမ်ပြန်ချင်တယ်ဆိုရင် ဆရာမကိုပြောနော် ကြားလား.."
"ဟုတ်ကဲ့..."
ဒီတော့မှ ဆရာမက ငယ့်အနားကနေ ထွက်သွားပြီး ကဗျာ တစ်ပုဒ်သင်လေသည်။ဒီဇင်ဘာလ ရောက်နေပြီမို့ သင်ခန်းစာတွေက ပြတ်လုနီးပါးပင် ဖြစ်နေလေပြီ။အမြဲတမ်း သင်ပြီးသမျှစာတွေကို တစ်ခုမကျန်ပြန်မေးတတ်တဲ့ ဆရာမကြောင့် မြန်မာစာကို ငယ်တို့အားလုံး လှည့်ကြည့်ဖို့ပင် မလိုတော့ချေ။
ဆရာမထွက်သွားတော့ သချာ်အချိန်ဖြစ်တာမို့ ငယ် စာအုပ်ထုတ်ထားပြီး စောင့်နေလိုက်သည်။သချာ်ဆရာမက စာသင်တာ ဈာန်ဝင်သွားရင် တော်တော်နဲ့ အခန်းထဲက မထွက်တာမို့ အခန်းထဲကို နောက်ကျမှ ရောက်ရောက်လာတတ်သည်။
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။