part 11

237 21 5
                                    

ပင်ပန်းနေသမျှအရာအားလုံးဟာ ဒီအမျိုးသမီးနှစ်ယောက်ရဲ့ ရင်ခွင်ထဲမှာ ကွယ်ပျောက်လုနီးပါးဖြစ်သွားခဲ့ရသည်။နှစ်ယောက်စလုံးရဲ့ ရင်ခွင်ထဲကို တိုးဝင်မိတော့ ပြန်ဖက်တွယ်ထားကြတာလည်း နှစ်ယောက်စလုံးပါဘဲ။ငယ့်အတွက် အားအင်လေးတွေပေါ့။

"ဟင့် တီချယ် ဆရာမ သူ သူ သမီးဆီကို ရောက်လာတယ်။သမီးရဲ့ အတိတ်တွေက သူ့ကြောင့်ပြန်ပြီး အသစ်ဖြစ်လာရပြီ။သမီး အရမ်းပင်ပန်းတာပဲ...."

နှစ်ယောက်ကြားမှာရောက်နေတာမို့ ရင်ခွင်ထဲမှာ မျက်နှာအပ်ထားတယ်လို့လဲ မဆိုသာပေ။သို့ပေမယ့် နွေးထွေးလွန်းလှတာကိုတော့ ငယ် မငြင်းနိုင်ပေ။

"တိတ်ပါ ကလေးလေးရယ်။ကလေးလေး ပိုပြီးပင်ပန်းရမှာပေါ့ တိတ်ပါနော်..."

ကျောပြင်လေးကို ပုတ်ပြီးနှစ်သိမ့်လာတဲ့ ဆရာမကြောင့် ငိုချင်စိတ်ဟာ ပိုတိုးလို့ပင် လာခဲ့ရသည်။ပိုငိုမိကာ ပိုပြီးဖက်တွယ်ထားမိပြန်သည်။

"သမီးကို ဒီကနေ ခေါ်သွားကြပါနော်။သမီးကိုလေ သူရှာလို့ မတွေ့နိုင်မယ့်‌ နေရာဆီ ခေါ်သွားပေးကြပါနော်...နော် ဆရာမနော်.."

"အင်းပါ ကလေးလေး မနေချင်ရင် ဆရာမ ခေါ်သွားပေးမယ်နော်။ဒါပေမယ့် ကလေးလေး အငိုတိတ်မှ ခေါ်သွားပေးမှာ။အဲ့တာကြောင့် မငိုနဲ့တော့နော်..."

ချက်ချင်း နှစ်ယောက်ကြားထဲကနေထွက်ကာ မျက်ရည်တွေကို လက်ဖမိုးနဲ့ သုတ်ရင်းခေါင်းငြိမ့်ပြလေသည်။

"ကလေးမ လိုက်မယ်‌ဆို အဝတ်တွေ ယူခဲ့လေ။အရင်လို တီချယ့်အိမ်မှာပဲ အိပ်ပေါ့.."

"ဟုတ်..."

"မရပါဘူး ကလေးလေးက ငါနဲ့လိုက်မယ်လို့ပြောတာလေ ငါ့အိမ်ကိုခေါ်သွားမှာ.."

"အို ဘယ်ဖြစ်မလဲ။ကလေးမက အမြဲတမ်း ငါ့အိမ်မှာပဲ အိပ်နေကျလေ။အဲ့တော့ ငါပဲ ခေါ်သွားမယ်.."

"လေပြေငယ် ခု ကလေးလေးက ငါနဲ့လိုက်ချင်တယ်လို့ပြောတာနော်.."

"မဟုတ်တာတွေ ကလေးမက သူ့ကို ဒီကနေ ခေါ်ထုတ်သွားပေးဖို့ပဲပြောတာ နင်နဲ့လိုက်မယ်လို့ မပြောဘူး..."

ထပ်တူညီစွာအချိုးကျသည်။Where stories live. Discover now