"လီဆာ.."
"ဂျန်းနီ.."
"လီဆာပါလို့ဆို.."
"ဂျန်းနီမှ ဂျန်းနီပဲ.."
ကျောင်းတက်လာတဲ့ တစ်ပတ်အတွင်း ဒါဟာ သွယ်နဲ့ရောင်နီတို့ရဲ့ အငြင်းပွားစရာတစ်ခုဖြစ်သည်။လီဆာကိုကြိုက်တဲ့ သွယ်နဲ့ ဂျန်းနီမှဂျန်းနီဆိုတဲ့ ရောင်နီတို့ အဲ့မှာစတွေ့ကြတာပဲ။
"နင့်ဂျန်းနီကလေ အရပ်ကလဲပုတယ်။ချေလိုက်တာလဲ အမှုန့်ဖြစ်သွားမလား အောက်မေ့ရတယ်။ပါးကလဲ တွဲကျနေတာ ခွေးဘီလူးလိုပဲ.."
သွယ်ရဲ့ အပြောကြောင့် ရောင်နီတစ်ယောက် ဆွေ့ဆွေ့ခုန်သွားပြီး...
"နင့်လီဆာကျတော့ကော နှဖူးက လေယာဉ်ကွင်းတစ်ကွင်းစာလောက်ရှိတယ်။တော်သေးတာပေါ့ အပြည်ပြည်ဆိုင်ရာလေဆိပ်ဆိုပြီး တံဆိပ်မကပ်ထားလို့ မဟုတ်ရင် လေယာဉ်တွေ မှားဆင်းလာမှာ။ပိန်လိုက်တာလဲ အရိုးပြိုင်းပြိုင်းကျလို့..."
"ဟဲ့ အဲ့တာ မော်ဒယ်ခန္ဓာကိုယ်ဟဲ့။ဒီခေတ်မှာအဲ့လိုပိန်မှ လူတွေကကြိုက်ကြတာ။နှဖူးကျယ်တော့ကော ဘာဖြစ်လဲ အဲ့တာမဟာနှဖူးလို့ခေါ်တယ်။ပညာရှိတွေမှာပဲ အဲ့လိုနှဖူးရှိတာ.."
"ငါ့ဂျန်းနီလေးကလဲ အရပ်ပုတာမဟုတ်ဘူး ရင်ခွင်မှီတာဟဲ့။ချေတယ်ဆိုတာ ချေတတ်မှချေလို့ရတာ နင်တို့လို လူမျိုးတွေဆိုရင် အဲ့လိုချေတတ်မှာမဟုတ်ဘူး။ပါးလေးတွေကလဲ ဘယ်လောက်ချစ်ဖို့ကောင်းလဲ ကိုက်ဆွဲပစ်ချင်စရာလေး။ချစ်ဖို့ကောင်းလိုက်တာ လွန်ရော..."
အပြိုင်အဆိုင် ငြင်းနေကြတာ သူတို့မမောပေမယ့် ဘေးနာကကြားနေရတဲ့ ငယ်ကတော့ အတော်လေး နားညည်းနေပါပြီ။
"ဟဲ့ ငယ်နင်ကော လီဆာလား ဂျန်းနီလား..."
"ဟင်..."
ရုတ်တရက်မေးလာတဲ့ သွယ်ကြောင့် ငယ် ဘယ်လိုပြန်ဖြေရမလဲ ဆိုတာကို ဦးနှောက်က လျင်မြန်စွာ တွေးတောနေရသည်။ဘယ်လိုဖြေရမလဲ လီဆာဆို ရောင်နီက စိတ်ဆိုးမယ် ဂျန်းနီဆို သွယ်က စိတ်ဆိုးမယ်။ငါ့နှယ့်ရယ် ဝင်မပါချင်လို့ အေးဆေးနေကာမှ စစ်ကူခေါ်ခံရတဲ့ အဖြစ်ပါလားနော်။
YOU ARE READING
ထပ်တူညီစွာအချိုးကျသည်။
Non-Fictionဆရာမနဲ့တီချယ့်အပေါ်မှာထားရှိတဲ့ ငယ့်ရဲ့ ချစ်ခြင်းမေတ္တာဟာ ထပ်တူညီစွာအချိုးကျသည်။ စာရေးသူရဲ့ ဖန်တီးမှုသာဖြစ်ပါသည်။တူညီမှုတစ်စုံတစ်ရာရှိခဲ့သော် တိုက်ဆိုင်မှုသာဖြစ်ပါသည်။အမှားပါခဲ့သည်ရှိသော် စာရေးသူ၏ညံ့ဖျင်းမှုသာဖြစ်ပါသည်။