part 5

207 13 1
                                    

"ဟဲ့ line ရဲ့ distance ကိုရှာခိုင်းတာလေ။တလွဲတွေ လုပ်မနေနဲ့.."

ထုံးစံတိုင်း စာသင်ရင်းနဲ့ ရန်သတ်နေကြတဲ့ နှစ်ယောက်ရယ်ပါ။ရောင်နီကနားမလည်လို့ ရှင်းခိုင်းလိုက် သွယ်က စိတ်မရှည်လို့ အော်လိုက်နဲ့ ဘေးနာက ငယ်ကတော့ အတော်လေး နားတွေထူပူနေပါပြီ။

"ငါ ရှာတာမှန်တယ်လေ.."

"ဟဲ့ သေချာကြည့်။နင့်မျက်လုံးကို ပြူးပြီးသေချာကြည့် ပြီးရင် နင့်ရဲ့ အဲ့ဒီ့ပုစွန်ဦးနှောက်နဲ့ သေချာ‌စဉ်းစား။နင်ရေးထားတဲ့ equation က distance ကိုရှာတာလား midpoint ကိုရှာတာလားဆိုတာ.."

ဒီတော့မှ ရောင်နီက သူ့စာအုပ်ကိုသေချာပြန်ကြည့်ပြီး

"အော် အေး ဟုတ်သားပဲနော်။ဟီး ငါနည်းနည်းလေးလွဲသွားတာ။ဆောတီး သူငယ်ချင်း.."

ရောင်နီက မျက်နှာချိုသွေးကာပြောလာတော့ သွယ် မျက်စောင်းဟု မခေါ်သာသော ခပ်သေးသေးမျက်စောင်းလေးကိုထိုးကာ

"ဟွန့် သူမှားရင် အဲ့ရုပ်။ကြည့်လို့ကို မရဘူး"

"ကြည့်မရရင် မကြည့်နဲ့ပေါ့သွယ်ရယ်။နင်တို့နှစ်ယောက်ကလည်းလေ ဘယ်တော့မှ တည့်တယ်ဆိုတာကို မရှိဘူး.."

ငယ် ပြောတော့ သွယ်က ခါးကိုလက်ထောက်လိုက်ကာ...

"ဟဲ့ ငါက အသားလွတ်ရန်ဖြစ်ချင်ပါ့မလား။‌အဲ့ဒီ့ရောင်နီက ငါ့ကို ရန်ဖြစ်ချင်လာအောင် လာလုပ်နေတာလေ.."

"ဟင် ငါလည်း ဘာမှ မလုပ်ပဲနဲ့။နင်ကိုက ဘီလူးသေလို့ ဝင်စားတာ။အားနေ ဒေါသထွက်နေတာပဲ..ဟုတ်တယ်မလား ငယ်..."

"မှန်တယ် သယ်ချင်း.."

ငယ်က လက်မထောင်ပြကာပြောတော့ သွယ်က ဆူပုတ်ပုတ် မျက်နှာထားဖြင့် အတည်ကြီးမျက်စောင်းထိုးသွားလေသည်။

"ဟဲ့ ငယ် နင်သိလား.."

"အေး ပြောစမ်းပါဦး သူငယ်ချင်းရဲ့ ဘာများလဲ.."

ရောင်နီ မျက်စပစ်ပြနေတာမို့ သွယ့်ကို စတော့မယ်မှန်းသိတာကြောင့် အလိုက်သင့် ပြန်ပြောလိုက်သည်။

"တစ်ချို့ တစ်ချို့သော သူတွေကလေ။ဟို စကားပုံနဲ့ အရမ်းလိုက်တာပဲ.."

ထပ်တူညီစွာအချိုးကျသည်။Where stories live. Discover now