Master"ဇနီး"ဆိုသောစကားထွက်လာပြီးပြီးချင်းထိုအမျိုးသားရဲ့ခန္ဓာကိုယ်တစ်ခုလုံးအေးခဲသွားကာရပ်တန့်သွားခဲ့ပြီးရှန့်ယန်ပေကိုစိုက်ကြည့်လိုက်သည်။သူကခေါင်းထဲတွင်သံသယများဖြင့်ငုံ့ကြည့်လိုက်သော်လည်းတစ်ဖက်လူကသူ့အားစူးရဲသောအကြည့်နဲ့စိုက်ကြည့်နေတာကိုသာတွေ့လိုက်ရသည်။
ထိုအကြည့်တွေကစက်ဆုပ်ရွံ့ရှာမုန်းတီးခြင်းတစ်ခုမှမဟုတ်ပါဘဲပျော်ရွှင်ခြင်းအပြည့်ဖြစ်နေသည်။စက္ကန့်အနည်းငယ်ကြာသော်သူ့ကိုယ်သူအမြင်မှားနေတယ်လို့ထင်လိုက်မိသည်။
လွန်ခဲ့တဲ့ရက်အနည်းငယ်ကထိုအမျိုးသားကိုလူကုန်ကူးသမားတွေကတောင်ခြေမှာရောင်းခဲ့သည်။ထို့နောက်သူ့ကိုရှန့်မိသားစုကဝယ်ယူခဲ့သည်။
မူလကရှန့်မိသားစုဟာချမ်းသာပြီးဂုဏ်သတင်းကြီးမားသောမိသားစုတစ်ခုလို့ဆိုနိုင်သည်။သို့သော်လည်းရှန့်ယန်အဖေရဲ့လက်ထပ်မှာတော့မိသားစုထဲကယောက်ျားတွေနည်းပါးလာခြင်းနှင့်စီမံခန့်ခွဲမှုညံ့ဖျင်းခြင်းတို့ကြောင့်အလွန်ဆုတ်ယုတ်လာခဲ့သည်။
ရှန့်ယန်ရဲ့မိဘတွေဟာမတော်တဆသေဆုံးသွားခဲ့ပြီးတော့ရှန့်မိသားစုထဲတွင်သူသာလျှင်တစ်ဦးတည်းသောကလေးအဖြစ်ကျန်ရှိခဲ့သည်။
ရှန့်ယန်ဟာပညာသင်ကျောင်းသားတစ်ယောက်ဖြစ်သည်ဒါကြောင့်မို့ဘဝလိုအပ်ချက်ရဲ့အခြေခံတွေကိုသူနားမလည်ခဲ့ချေ။ရှန့်ယန်ဟာနေ့ရက်တွေကိုဖြတ်သန်းဖို့ခက်ခဲလာပြီးစိတ်ဓာတ်ကျလာခဲ့သည်။နောက်များမှာတော့သူဟာအအေးမိပြီးအပြင်းဖျားလာခဲ့သည်။
XiuCaiတစ်ယောက်ဖြစ်လာသောရွာကလူနည်းစုထဲကတစ်ယောက်အနေနှင့်ရှန့်ယန်အကြောင်းနှင့်ပတ်သက်ပြီးရွာကလူများကအတော်လေးဂရုစိုက်ကြပါသည်။ရှန့်ယန်ရဲ့မိသားစုမှဦးလေးတစ်ယောက်ဟာရှန့်ယန်ကိုဇနီးတစ်ယောက်လက်ထပ်ယူဖို့အကြံပေးခဲ့သည်။
ဒါပေမယ့်ရှန့်ယန်ရဲ့မိသားစုမှာနံရံလေးခုနဲ့အိမ်တစ်လုံးသာရှိပြီးရှန့်ယန်ဟာအပြင်းဖျားနေခဲ့သည်။ထို့ကြောင့်ဘယ်မိသားစုမှသူ့တို့ရဲ့သမီးနှင့်ကောတွေကိုသူနှင့်လက်ထပ်ဖို့ခွင့်ပြုမှာမဟုတ်ချေ။ဒါကြောင့်လူကုန်ကူးသမားတွေကလူတွေကိုရောင်းဖို့ခေါ်ဆောင်လာသောအခါရှန့်ယန်ကတစ်ယောက်ကိုဝယ်ယူလိုက်ခြင်းဖြစ်သည်။
YOU ARE READING
My Favourite Manly Husband [mm translation]
RomanceOriginal Author_Rili Fenghe Chapters_103+12 extras Start date-7.7.2024