Wash and sleepကျေးလက်ကမိသားစုအများစုဟာညဘက်မှာဖျော်ဖြေရေးတွေမရှိတာကြောင့်စောစောအိပ်ရာဝင်ကြသည်။မော်ဒန်ခေတ်ရဲ့ကြွယ်ဝစွာအရောင်အသွေးစုံသောညဘက်ဘဝတွေကိုနေသားတကျဖြစ်နေခဲ့သောရှန့်ယန်ပေအနေနှင့်ဒီလိုနေ့စဉ်ဘဝကိုသည်းခံနိုင်ရန်မသေချာချေ။ဒါပေမယ့်အရာအားလုံးဟာရုတ်တရက်ဖြစ်လာခဲ့သည်။ဇနီးတစ်ယောက်ရလာတယ် ဒါကတော့မတူတော့ဘူးလေသိတယ်မလား။သူဟာကောင်းကင်ကိုကြည့်ရင်းအချိန်တွေအမြန်ကုန်သွားပြီးအိပ်ရာပေါ်တွင်သူ့ဇနီးနှင့်အတူလှဲနိုင်ရန်မြန်မြန်မှောင်သွားစေဖို့မျှော်လင့်နေခဲ့သည်။
(T/N-အရောင်အသွေးစုံသောညဘက်ဆိုတာကလပ်သွားတာပါတီတက်တာတို့ကိုပြောတာပါ)ဒါပေမယ့်မအိပ်ခင်အရေးကြီးဆုံးလုပ်ရမှာကတော့ရေချိုးတာဘဲဖြစ်သည်။ရှန့်ယန်ပေဟာအလျင်အမြန်လဲဖို့အဝတ်တွေကိုရှာလိုက်သည်။
ရေချိုးတာကကောင်းသောအရာဖြစ်သည်။ရေချိုးကန်သာရှိရင်ပိုတောင်ကောင်းအုံးမည်။သူရေချိုးပြီးလျှင်သူ့ဇနီးကိုဖက်နိုင်ပြီ။တစ်ချိန်ထဲမှာဘဲဒီခန္ဓာကိုယ်ရဲ့ကျန်းမာရေးနှင့်သူ့ညီလေးကိုလဲသေသေချာချာစစ်ကြည့်နိုင်မည်။(T/N-အဟမ်း ဟိုဟာကိုပြောတာပါသိတယ်မလား)မော်ဒန်ခေတ်ကသူ့ရဲ့ခန္ဓာကိုယ်ကတောင်သူ့ဇနီးလောက်အရပ်မရှည်သော်လည်းသူကပုံမှန်လေ့ကျင့်ခန်းတွေလုပ်တယ်လေ သူ့ရဲ့ရုပ်ပိုင်းဆိုင်ရာသန်မာမှုနှင့်ခံနိုင်ရည်အားကအလွန်ကောင်းသည်။
ရှန့်ယန်ပေကရေချိုးချင်တယ်လို့ကြားပြီးနောက်ထိုလူဟာအမြန်သွားပြီးရေနွေးအိုးတည်ခဲ့သည်။ရှန့်ယန်ပေဟာအပြင်းအထန်နေမကောင်းဖြစ်ပြီးသက်သာခါစဖြစ်သည်။ထို့ကြောင့်သူ့ကထပ်ပြီးအအေးခံလို့မရချေ။
အဖေရှန့်နှင့်အမေရှန့်အသက်ရှင်စဉ်အခါတုန်းကအိမ်နောက်ဖေးမှာရေတွင်းတူးခဲ့ပြီးထိုအနီးမှာလွယ်ကူစွာဆေးကြောသန့်စင်နိုင်ရန်သစ်သားတဲတစ်ခုကိုတည်ဆောက်ခဲ့သည်။အများအားဖြင့်မိသားစုထဲကလူတွေကထိုသစ်သားတဲကိုဆေးကြောသန့်စင်ဖို့အသုံးပြုကြလိမ့်မည်ဒါပေမယ့်မိသားစုရဲ့အကြီးဆုံးနှစ်ယောက်ကွယ်လွန်သွားသောအခါထိုသစ်သားတဲကမုန်တိုင်းတိုက်ခံရပြီးပျက်စီးသွားခဲ့သည်။မူလကိုယ်ကစိတ်ဓာတ်ကျပြီးဒီတိုင်းထားခဲ့သည်။ထိုလူဟာမိသားစုထဲဝင်ရောက်လက်ထပ်လိုက်ပြီးရက်အနည်းငယ်အကြာအတွင်းသူဟာမူလကိုယ်ကိုပြုစုရပြီးမိသားစုကိုထောက်ပံ့ဖို့နှင့်ငွေတွေပြန်ပေးဖို့အတွက်အလုပ်တွေလဲလုပ်ရသေးသည်။သူအလုပ်အရမ်းများနေသောကြောင့်တဲအိမ်ကိုပြန်ပြင်ရန်အချိန်မရှိခဲ့ချေ။
YOU ARE READING
My Favourite Manly Husband [mm translation]
RomanceOriginal Author_Rili Fenghe Chapters_103+12 extras Start date-7.7.2024