Lawsuit
ဒုတိယရှန့်မိသားစုရဲ့ဇနီးဟာလှောင်ပြောင်ထေ့ငေါ့ရင်းပြောခဲ့သည် "ကျွန်တော်မေးပါအုံးမယ် အစ်မလီ ရှန့်ယန်ကရှန့်ယွီခိုင်ကိုတရားစွဲချင်တယ်ဆိုရင်တောင်ကျွန်တော့်မိသားစုနဲ့ဘာဆိုင်လို့လဲ"
"ငါပြောတာကိုနားထောင်လိုက်ရင်နင်နားလည်သွားလိမ့်မယ်"အဒေါ်လီကပြောပြီးနောက်မျက်လုံးပြူးများနှင့်သိချင်နေသောလက်ထပ်ပြီးသားအမျိုးသမီးများနှင့်ကောများကိုမေးခဲ့သည်။
"ရှန့်ယွီခိုင်ရဲ့အိမ်အနောက်ဘက်ကစပါးလယ်သုံးမူနဲ့ရွာထိပ်ကခြောက်သွေ့လယ်နှစ်မူကိုနင်တို့သိကြလား?"
"အဒေါ်လီ ပုံပြင်ပြောပြနေတာမို့လို့လား?မြန်မြန်ပြောပါတော့"ပန်းပွင့်စကတ်နှင့်လက်ထပ်ပြီးသားအမျိုးသမီးငယ်ဟာရွှတ်နောက်နောက်ပြောလိုက်သည်။
အဒေါ်လီဟာသူ(မ)ရဲ့ခါးကိုဂုဏ်ယူစွာမတ်လိုက်သည်။ထို့နောက်သူ(မ)ဟာအဓိပ္ပာယ်ပြည့်ဝသောအသံဖြင့်ပြောခဲ့သည် "အဲ့လယ်တွေကရှန့်ယန်မိသားစုကဟာတွေ ရှန့်ယွီခိုင် ရှန့်ယန်မိဘတွေဆီကလွန်ခဲ့တဲ့သုံးနှစ်ကငှားခဲ့တာတဲ့"
"ရှန့်ယန်မိသားစုဆီကငှားခဲ့တာ! ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ရှန့်ယွီခိုင်ရဲ့အကြီးဆုံးချွေးမမနေ့ကပြောတာတော့သူ(မ)ရဲ့ယောက္ခထီးကငွေစတေး၅၀ပေးပြီးဝယ်ခဲ့တာတဲ့" ပန်းပွင့်စကတ်နှင့်လက်ထပ်ပြီးသားအမျိုးသမီးငယ်ကမယုံကြည်နိုင်စွာပြောခဲ့သည်။
"ဒါကြောင့်ဘဲရှန့်ယန်ကရှန့်ယွီခိုင်ကိုသူ့လယ်မြေတွေကျူးကျော်သိမ်းယူထားလို့တရားစွဲချင်နေတာလေ"အဒေါ်လီဟာလျှို့ဝှက်ထားရမည့်အရေးကြီးသောကိစ္စကိုပြောနေသလိုမျိုးပန်းပွင့်စကတ်နှင့်လက်ထပ်ပြီးသားအမျိုးသမီးငယ်ကိုကြည့်ပြီးပြောခဲ့သည် "နင်လက်ထပ်ထားတာတစ်နှစ်တောင်မရှိသေးတော့အရင်ကရှန့်ယန်မိသားစုအရမ်းချမ်းသာတယ်ဆိုတာကိုမသိတာ ရှန့်ယန်မိသားစုမှာစပါးလယ်မူတစ်ဒါဇင်ထက်ပိုပြီးရှိခဲ့တယ် ကျောက်တဟူရဲ့လယ်အများစုကရှန့်ယန်မိသားစုဆီကဝယ်ခဲ့တာတွေ.."
ပန်းပွင့်စကတ်နှင့်လက်ထပ်ပြီးသားအမျိုးသမီးငယ်ရဲ့မျက်လုံးဟာအံ့ဩမှုကြောင့်ပြူးကျယ်သွားပေမယ့်အပြာရောင်အင်္ကျီနှင့်ကောကလက်မခံနိုင်စွာပြောခဲ့သည် "အတိတ်မှာတုန်းကသူတို့မိသားစုကတကယ်ကိုချမ်းသာခဲ့တယ် ဒါပေမယ့်အခုတော့သူတို့ကျပ်တည်းနေကြပြီ"
YOU ARE READING
My Favourite Manly Husband [mm translation]
RomanceOriginal Author_Rili Fenghe Chapters_103+12 extras Start date-7.7.2024