Chapter-1

371 23 0
                                    

Love is like macho

"မင်းထပ်ပြောလိုက်စမ်း"လည်သာဖိနပ်၊ဝတ်စုံပြည့်ဝတ်ထားသောမဲမှောင်တဲ့မျက်နှာနဲ့သက်လတ်ပိုင်းအရွယ်ယောက်ျားတစ်ယောက်ဟာဂရုမစိုက်သလိုလုပ်နေသောကောင်လေးကိုပြင်းပြင်းထန်ထန်အော်ပြောလိုက်သည်။

ရှန့်ယန်ပေနှာမှုတ်လိုက်ပြီးတော့သူ့ကိုပြောခဲ့သည်"ထပ်ပြောခိုင်းမနေပါနဲ့တော့၊အကြိမ်ရာချီသောင်းချီပြောရလဲကျွန်တော်ဒါဘဲထပ်ပြောနိုင်မယ် ကျွန်တော်လက်မထပ်ချင်ဘူး"

"ယုတ္တိမရှိလိုက်တာ"သက်လတ်ပိုင်းအရွယ်ယောက်ျားဟာသူ့ဒေါသကိုဖိနှိပ်ရင်းအသံလျှော့ကာ"လီမိသားစုကမိန်းကလေးကလှပသိမ်မွေ့ပြီးမင်းကိုလဲကြိုက်တယ်လေ မင်းဘာကြောင့်မကျေနပ်ရတာလဲ"

"သေချာပေါက်မကျေနပ်ဘူးပေါ့" ရှန်ယန်ပေဟာသက်လတ်ပိုင်းအရွယ်ယောက်ျားကိုကမန်းကတန်းကြည့်လိုက်ပြီး"ကျွန်တော်သူ(မ)ကိုမကြိုက်နိုင်ဘူး"

"ခံစားချက်တွေကိုအနာဂတ်မှာပျိုးထောင်လို့ရတယ်"သက်လတ်ပိုင်းအရွယ်လူဟာသူ့ဒေါသကိုဖိနှပ်ရင်းသူ့(ယန်ပေ)ကိုစည်းရုံးသိမ်းသွင်းဖို့ကြိုးစားသည်"လီမိန်းကလေးကဥက္ကဌလီရဲ့ရတနာလေး မင်းသာသူ(မ)ကိုလက်ထပ်လိုက်မယ်ဆိုရင်လီမိသားစုက..."

"ဟားဟားဟား..ခံစားချက်တွေကအနာဂတ်မှာပျိုးထောင်လို့ရတယ်ဟုတ်လား" ရှန့်ယန်ပေဟာထိုလူရဲ့စကားကိုအကျယ်ကြီးရယ်ရင်းနှောက်ယှက်လိုက်ပြီးတော့ထိုလူရဲ့နောက်မှာငြိမ်သက်စွာမတ်တပ်ရပ်နေသောအမျိုးသမီးကိုညွှန်ပြလိုက်ရင်း"ခင်များနဲ့သူ(မ)လိုလား၊အချိန်တွေကခံစားချက်တွေကိုပျိုးထောင်နိုင်လိမ့်မယ်လေ ဟုတ်တယ်မလား"ရှန့်ယန်ပေဟာ"အချိန်"ဆိုတဲ့စကားလုံးကိုအလေးပေး‌ပြီးပြောခဲ့သည်။
(T/N-"အချိန်"ဆိုတာetransမှာ"day"ဆိုပြီးသုံးထားတာပါနေ့တွေကဆိုတာသိပ်ဖတ်မကောင်းလို့သ‌ဘောတရားတူတဲ့အချိန်ဆိုပြီးပြောင်းသုံးလိုက်ပါတယ်)

"မင်း...."သက်လတ်ပိုင်းအရွယ်လူရဲ့အသား‌အရေနှင့်မျက်နှာဟာချက်ချင်းဖြူဖျော့သွားပြီးတော့နားထင်ကသွေးကြောတွေဟာကြီးကြီးမားမားတုန်လှုပ်သွားခဲ့သည်။အမျိုးသမီးရဲ့မျက်နှာဟာလည်းဘဲရှက်ရွံ့မှုကြောင့်နီရဲသွားခဲ့သည်။

My Favourite Manly Husband [mm translation]Where stories live. Discover now