Door to door debt collectionနောက်နေ့မှာတော့ရှန့်ယန်ပေဟာအိပ်ရာမှထဖို့ကြိုးစားနေစဉ်အချိန်အနည်းငယ်ကြာကြောင်အအဖြစ်နေခဲ့သည်။အိပ်ရာမှကျိုးကြေသံထွက်ပေါ်လာသောအခါမှသူ့ရဲ့သတိကိုပြန်ကပ်လိုက်ပြီးစိတ်အားထက်သန်လာခဲ့သည်။
အိပ်ရာရဲ့တစ်ဖက်ခြမ်းပေါ်ကအပူချိန်ကတော့အေးနေပြီဖြစ်သည်။ဒီအဓိပ္ပာယ်ကကုချန်းဖန်းကအိပ်ရာကထသွားပြီးတာအချိန်အတော်အကြာကဖြစ်သည်။
သူ့ရဲ့ဇနီးကအတော်ကိုလုံ့လရှိပြီးအလုပ်ကြိုးစားတာဘဲဒါပေမယ့်ဒါကကောင်းတဲ့အရာမဟုတ်ဘူး။သူမနက်ခင်းအနမ်းလေးလိုချင်နေတုန်းဘဲလေ!
ရှန့်ယန်ပေဟာသက်ပြင်းချလိုက်ရင်းထဖို့ဆုံးဖြတ်ခဲ့ကာအဝတ်ဝတ်၊မျက်နှာသစ်ပြီးပလုတ်ကျင်းလိုက်သည်။
တံခါးဟာတွန်းဖွင့်ခြင်းခံရပြီးကုချန်းဖန်းကမနက်စာသယ်ရင်းဝင်လာကာပြောခဲ့သည်"နိုးပြီလား? ကျွန်တော်ငါးစွပ်ပြုတ်တစ်ချို့လုပ်လာတယ် အမြန်လာပြီးစားတော့"
အိမ်မှာဆန်မရှိတော့တာကြောင့်သူ့(ချန်းဖန်း)မှာရွေးချယ်စရာမရှိခဲ့ချေ။ထို့ကြောင့်မနက်စောစောထပြီးအိမ်ကိုပြန်ယူလာရန်ငါးတွေဖမ်းဖို့မြစ်ထဲကိုသွားလိုက်သည်။
"ငါးစွပ်ပြုတ်"မနေ့ညကသူဟာယာဂုတစ်ပန်းကန်နှင့်အာလူးချိုအနည်းငယ်ကိုစားခဲ့ပြီးပေမယ့်အဲ့ဒါတွေကအစာခြေသွားခဲ့ပြီးဖြစ်ပြီးတော့သူအခုအရမ်းဗိုက်ဆာနေပြီဖြစ်သည်။သို့သော်လည်းရှန့်ယန်ပေဟာမျက်မှောင်ကြုတ်လိုက်ရင်းပြောခဲ့သည် "မြစ်ကမနက်စောစောဆိုအရမ်းအေးတယ် အနာဂတ်မှာဒီလိုမနက်ပိုင်းအစောကြီးငါးဖမ်းဖို့မလုပ်ပါနဲ့"
"ကောင်းပြီ"ကုချန်းဖန်းရဲ့နှလုံးသားဟာနွေးထွေးလာပြီးတုန့်ပြန်မှုအနေနှင့်ခေါင်းညိတ်ခဲ့သည်။
ငါးစွပ်ပြုတ်ကအတော်ကလေးတော့အရသာရှိပေမယ့်သူ့ရဲ့ငါးညှီနံ့ကြောင့်အရမ်းကြီးကောင်းနေတာတော့မဟုတ်ချေ။သို့သော်လည်းရှန့်ယန်ပေဟာငါးစွပ်ပြုတ်နှစ်ပန်းကန်သောက်နေဆဲဖြစ်သည်။
YOU ARE READING
My Favourite Manly Husband [mm translation]
RomanceOriginal Author_Rili Fenghe Chapters_103+12 extras Start date-7.7.2024