Teasing the wife dailyရှန့်ယွီခိုင်ရဲ့အိမ်သည်မငြိမ်မသက်နှင့်ကမောက်ကမဖြစ်နေသည်။ထိုအချိန်ရှန့်ယန်ပေရဲ့ဘက်မှာတော့သူဟာလက်ခုပ်တီးလိုက်ရင်း(ရွံ့နှင့်အညစ်အကြေးတွေဖယ်ထုတ်ရန်)ပြောခဲ့သည် "ကောင်းပြီ ဒါတွေက စားမကုန်နိုင်လောက်အောင်အရမ်းများနေပြီ" သူတို့တွေဟာအသစ်ထွက်လာသောဝါးညွန့်(မျှစ်)တွေဖြစ်ပြီးအလွန်နူးညံ့နေသည်။ဤအကောင်းဆုံးအချိန်ကိုရယူရန်သူတို့အတွက်အချိန်ကောင်းဖြစ်သည်။ယခုအချိန်သည်နွေဦးရာသီဝါးညွန့်(မျှစ်)တွေခူးယူရန်အချိန်အတိအကျဖြစ်သည်။
ကုချန်းဖန်းကပေါက်ပြားကိုချရင်းဝါးညွန့်(မျှစ်)တွေကိုခြင်းတောင်းထဲထည့်ကာထိုခြင်းတောင်းကောက်ယူရန်အဆင်သင့်ဖြစ်နေသည်။
"အဲ့ဒီခြင်းတောင်းကိုယ့်ကိုပေးလေ"သူကဝါးညွန့်(မျှစ်)တွေကိုတူးဖို့ခွန်အားမရှိရင်တောင်မှခြင်းတောင်းကိုတော့သယ်နိုင်ပါသေးသည်။အရင်ကရှန့်ယန်ပေရဲ့အပြင်းအထန်နေမကောင်းဖြစ်ခြင်းနှင့်ကျန်းမာရေးအခြေအနေကြောင့်ကုချန်းဖန်းဟာရှန့်ယန်ပေခြင်းတောင်းအားမသယ်နိုင်မှာကိုစိုးရိမ်နေခဲ့သည်။
ရှန့်ယန်ပေဟာသူတိတ်ဆိတ်နေတာကိုမြင်ခဲ့တာကြောင့်ခြင်းတောင်းကိုတိုက်ရိုက်သယ်လိုက်ပြီးကျောနောက်မှာထားလိုက်သည်။ခဏအကြာသူ့ရဲ့ခန္ဓာကိုယ်ကနစ်မြုပ်လုနီးပါးဖြစ်သွားသည်။နှစ်လှမ်းလောက်လှမ်းရင်းအလေးချိန်ကိုသင့်လျော်အောင်ထိန်းပြီးနောက်ရှန့်ယန်ပေဟာကုချန်းဖန်းကိုအပြုံးနှင့်လှည့်ကြည့်လိုက်ရင်းပြောခဲ့သည် "ကောင်းပြီ သွားကြစို့"
ကုချန်းဖန်းဟာခြင်းတောင်းကိုစိုးရိမ်စွာကြည့်နေပေမယ့်ရှန့်ယန်ပေရဲ့ခြေလှမ်းတိုင်းဟာတည်ငြိမ်နေတာကိုတွေ့ပြီးနောက်သူ့ရဲ့နှလုံးသားထဲမှာစိတ်ချပြီးစိတ်သက်သာရာရသွားသည်။
အိမ်မှာလဲမနက်စောစောကဖမ်းထားသောငါးများကျန်နေသေးသည်။အရသာရှိသောငါးကြင်းနှင့်လတ်ဆတ်သောမျှစ်ကိုစွပ်ပြုတ်လုပ်လို့ရသည်။အသားရှိလျှင်လည်းအသားအချို့နှင့်လတ်လတ်ဆတ်ဆတ်မျှစ်ကိုမွှေကြော်နိုင်သည်။ရှန့်ယန်ပေဟာသူ့ရဲ့နှုတ်ခမ်းကိုသပ်လိုက်မိသည်။သူညကအသားမစားနိုင်ခဲ့သောကြောင့်အသားရဲ့အရသာကိုသတိရနေမိသည်။
YOU ARE READING
My Favourite Manly Husband [mm translation]
RomansaOriginal Author_Rili Fenghe Chapters_103+12 extras Start date-7.7.2024