To come to someone's door to be mistress
ရှန့်ယန်ပေရဲ့နှလုံးသားဟာသူ့ဇနီးရဲ့လက်ကိုဆွဲပြီးအိမ်ကိုအတူလမ်းလျှောက်ပြန်လာခြင်းကြောင့်ပီတိဖြစ်နေရသည်။
စဉ်းစားကြည့်မယ်ဆိုသူကအသက်နှစ်ဆယ်မတိုင်ခင်အထိအသက်ရှင်ပြီးကလေးတွေမသင့်တော်တဲ့အရာတော်တော်များများကိုနားလည်သည်။ဒါပေမယ့်ယောက်ျားတစ်ယောက်ရဲ့လက်ကိုတော့မကိုင်ခဲ့ဘူးချေ။ဒါ့အပြင်ဘယ်ယောက်ျားနဲ့မှလဲချစ်ခင်ရင်းနှီးတာတွေတစ်ခါမျှမရှိခဲ့ချေ။
ဒီတစ်ကြိမ်ကူးပြောင်းသွားတာနဲ့ယောက်ျားဆန်သောဇနီးတစ်ယောက်ချက်ချင်းပေးခံရမယ်လို့ဘယ်သူကထင်မှာလဲ?ပြီးတော့ဒီယောက်ျားဆန်တဲ့ဇနီးသည်ကကောင်းမွန်သောဖွဲ့စည်းတည်ဆောက်ပုံရှိရုံသာမကသူ့ရဲ့အပူချိန်ကတောင်ပိုပြီးတော့ကောင်းသေးတယ်!
ထိုလူဟာရောယှက်နေသောလက်တွေကိုကြည့်လိုက်ပြီးတော့မျက်နှာပေါ်မှာပျောက်သွားပြီဖြစ်သောအရင်ကအပူကိုပြန်ခံစားလိုက်ရသည်။
တံခါးဝကိုရောက်ခါနီးမှာပင်ရှန့်ယန်ပေဟာချိုမြိန်သောအသံတစ်သံကိုကြားလိုက်ရသည်"ကိုကိုရှန့်ယန် အိမ်မှာရှိလားဟင် ကိုကိုရှန့်ယန်"
"ကိုကိုရှန့်ယန်....သူ(မ)ငါ့ကိုခေါ်နေတာလား?" ရှန့်ယန်ပေဟာရင်တုန်သွားခဲ့သည်။
တံခါးဝမှာရပ်နေသောအမျိုးသမီးတစ်ယောက်ကိုမြင်လိုက်သောအခါထိုလူရဲ့ခြေလှမ်းတွေဟာနှေးကွေးသွားပြီးအမူအရာဟာလဲအနည်းငယ်ပြောင်းလဲသွားခဲ့သည်။
အကြိမ်အနည်းငယ်လောက်အော်ပြီးဘယ်သူမှအသိပေးတာမတွေ့သောအခါထိုအမျိုးသမီးသည်ဒေါသဖြင့်မြေကြီးပေါ်သို့ခြေဆောင့်လိုက်သည်။စကားလုံးအနည်းငယ်ရေရွတ်လိုက်နောက်မကြာမီပြန်ဖို့အတွက်လှည့်လိုက်သည်။လှည့်လိုက်ပြီးပြီးချင်းဘဲသူ(မ)ကရှန့်ယန်ပေကိုတွေ့ခဲ့ပြီးတော့သူ(မ)ရဲ့မျက်မှောင်ကြုတ်နေသည်ကိုအပြုံးတစ်ခုနှင့်ချက်ချင်းအစားထိုးလိုက်သည်။
"ကိုကိုရှန့်ယန်" သူ့ကိုခေါ်သောအသံဟာချစ်ခြင်းမေတ္တာတွေနှင့်နွေးထွေးနေပြီးထိုအမျိုးသမီးဟာရှန့်ယန်ပေဆီသို့အမြန်ြန်လျှောက်လာခဲ့သည်။သူ့ကိုစူးရဲသောမျက်လုံးများဖြင့်ကြည့်ရင်းညုတုတုပြောလိုက်သည် "ကိုကိုဘယ်တွေရောက်နေတာလဲ ကျွန်မကိုကို့ကိုအကြာကြီးခေါ်နေရတာကို"
YOU ARE READING
My Favourite Manly Husband [mm translation]
RomanceOriginal Author_Rili Fenghe Chapters_103+12 extras Start date-7.7.2024