I've always liked youရှန့်ယွီခိုင်ရဲ့ပြဿနာပြီးသွားပြီးနောက်လင်းမိသားစုမှလွဲ၍ကျန်ရှိနေသောမူလကိုယ်မိသားစုရဲ့လယ်တွေကိုငှားထားသည့်လူတွေဟာဆက်တိုက်ဆိုသလိုအကြွေးတွေကိုလာပေးခဲ့သည်။
ရှန့်ယန်ပေဟာပိုက်ဆံကိုရေတွက်ခဲ့ပြီးအားလုံးပေါင်းငွေစ၁၅တေးနှင့်ဝမ်၃၀၀ရှိပုံပေါ်သည်။ရှန့်ယန်ပေဟာစိတ်သက်သာရာရစွာသက်ပြင်းအနည်းငယ်ချလိုက်သည်။ငွေစ၁၅တေးကသိပ်အများကြီးတော့မဟုတ်ပေ။သူဟာအိမ်အတွက်ပစ္စည်းတွေအများကြီးဝယ်ဖို့လိုအပ်သည်။သူဟာအစားအစာ၊အဝတ်အစားနှင့်နေ့စဉ်အသုံးစရိတ်အတွက်ငွေပမာတစ်စိတ်တစ်ပိုင်းကိုအသုံးပြုရန်လိုအပ်နေဆဲဖြစ်သည်။သူ့ဇနီးမှာသေသေချာချာဂရုစိုက်ရမည့်ဒဏ်ရာတစ်ခုရှိနေပြီးဒီခန္ဓာကိုယ်ကအမြဲတမ်းကျန်းမာရေးချို့တဲ့နေသောကြောင့်သူပြန်ကျန်းမာလာစေရန်လိုအပ်သည်။
ပိုက်ဆံကိစ္စကလူငယ်လေးကိုတုန်လှုပ်စေခဲ့သည်။သူဟာငယ်ငယ်တုန်းကဆင်းရဲသောခံစားချက်ကိုတွေ့ကြုံဖူးပြီးဖြစ်၍ယခုနောက်ထပ်တစ်ကြိမ်ထပ်မံကြုံတွေ့မလိုတော့ပေ။ယခုအခါတွင်သူ့လက်ထဲမှာစီးပွားရေးတစ်ခုစတင်ရန်အရင်းအနှီးရှိနေပေမယ့်သူဟာငွေရှာဖို့အစီီအစဉ်ကိုအကောင်အထည်ဖော်ရန်စဉ်းစားနေရဆဲဖြစ်သည်။
"ဒီငွေတွေကိုသိမ်းထားဖို့ကကိုယ့်အတွက်မသင့်တော်ဘူး မင်းသိမ်းထားလိုက်ရင်ပိုကောင်းမယ်"ကုချန်းဖန်းဟာရှန့်ယန်ပေခုနလေးတင်မှပေးထားသောအဝတ်ဖြင့်ပြုလုပ်ထားသည့်အိတ်ကိုကိုင်ထားခဲ့သည်။
"ဘာကြောင့်မသင့်တော််ရတာလဲ?"ကုချန်းဖန်းဟာသူ့ရဲ့မျက်ခုံးကိုပင့်လိုက်ရင်းမျက်မှောင်ကြုတ်လိုက်သည်။
"ကျွန်တော်....."ကုချန်းဖန်းဟာလျှာကိုကိုက်လိုက်သည်။ငါကchongxiရည်ရွယ်ချက်အတွက်ခင်များဝယ်ခဲ့တဲ့အရာမျှသာဖြစ်တယ်။ဘယ်သူကဝယ်ခဲ့သောရုပ်ဆိုးဆိုးကောကိုမိသားစုရဲ့ပိုက်ဆံထိန်းသိမ်းဖို့ခွင့်ပြုပေးမှာလဲ?
"ဒီဟာကမိသားစုပိုက်ဆံဖြစ်ပြီးတော့မင်းကကိုယ့်ဇနီးလေ မင်းကိုမှမပေးရင်ကိုယ့်ဘယ်သူ့ကိုပေးသင့်ရမှာလဲ?"ရှန့်ယန်ပေကသူ့ရဲ့လက်ကိုပွတ်လိုက်သည်။"ဟုတ်ပြီ မင်းဒီငွေတွေကိုသေသေချာချာသိမ်းထားနော် ဆန်နဲ့အသီးအရွက်တစ်ချို့ဝယ်ဖို့သုံးလိုက်ပါအုံး ကိုယ်တော့ငါးနဲ့ယုန်ကိုအရင်သွားကိုင်တွယ်လိုက်အုံးမယ် ဒီယုန်ကိုမင်းချက်လိုက်စေချင်လားစွပ်ပြုတ်လုပ်စေချင်လား?"
ကုချန်းဖန်းဟာအံ့အားသင့်စွာသူ့ကိုကြည့်ပြီးမေးလိုက်သည် "ခင်များဘာသွားလုပ်ဖို့လဲ?"
YOU ARE READING
My Favourite Manly Husband [mm translation]
Roman d'amourOriginal Author_Rili Fenghe Chapters_103+12 extras Start date-7.7.2024