County Townယောက်ျား .....သူ..... ငါ့ကိုတကယ်ကြိုက်တယ်!
ဒီအကြောင်းဘဲစိတ်ထဲမှာရှိသောကုချန်းဖန်းကိုမူးဝေသွားသည်အထိရှန့်ယန်ပေဟာထိတွေ့နေခဲ့သည်။ထိုသို့ထိတွေ့ခြင်းသည်ရှန့်ယန်ပေကိုယ်တိုင်ကိုမရပ်နိုင်ဖြစ်လာစေသောကြောင့်သူဟာသူ့ဇနီးရဲ့သန်မာသောခန္ဓာကိုယ်ကိုပွေ့ဖက်၍အိပ်လိုက်တော့သည်။
သူတို့ဟာအာရုဏ်တက်သည်အထိအိပ်ခဲ့ကြသည်။သူ့ရဲ့ခန္ဓာကိုယ်အကြောဆန့်လိုက်ရင်းရှန့်ယန်ပေဟာတံခါးဖွင့်လိုက်ပြီးခြံဝင်းထဲမှာသစ်ခုတ်နေသောကုချန်းဖန်းကိုလှမ်းကြည့်လိုက်သည်။
ထိုလူဟာသူ့လက်ထဲကပုဆိန်ကိုလွှဲခုတ်သောနေရာမှာအာရုံစိုက်နေခဲ့သည်။သူ့ရဲ့သန်မာသောကြွက်သားတွေကပုဆိန်ကိုလွှဲခုတ်နေသောအချိန်တွင်အနည်းငယ်ဖောင်းကားလာပြီးသစ်သားဟာဒေါင်လိုက်ချက်ချင်းကွဲထွက်သွားသည်။သူ(ယန်ပေ)ဟာမြေပြင်ပေါ်သို့ကြည့်လိုက်သောအခါခုတ်ထားသောထင်းပုံတွေဟာသပ်သပ်ရပ်ရပ်ဖြစ်နေတာကိုတွေ့ခဲ့သည်။
မနက်စောစောမှာသူ့ကိုဒီလိုချိုမြိန်သောမြင်ကွင်းမျိုးမြင်ခွင့်ပြုတယ်!!
ရှန့်ယန်ပေသည်ထိုလူရဲ့လည်တိုင်ကချွေးဟာပျားရည်ရောင်အသားအရေမှတစ်ဆင့်ကြမ်းတမ်းသောအဝတ်တွေကြားထဲကွယ်ပျောက်သွားသည်အထိတိုင်အောင်တစ်ဝက်ပေါ်နေသောရင်ဘတ်ကြွက်သားတွေပေါ်စီးဆင်းနေတာကိုစူးရှသောမျက်လုံးများနှင့်ကြည့်နေခဲ့သည်။
ရှန့်ယန်ပေဟာအမှတ်တမဲ့သူ့ရဲ့နှုတ်ခမ်းကိုသပ်လိုက်မိပြီးသူ့ရဲ့မျက်လုံးထဲမှာလည်းမီးပွားတွေရှိနေခဲ့သည်။
ထိုအကြည့်တွေကအရမ်းပူလောင်ပြင်းပြနေပြီးတော့ကုချန်းဖန်းအတွက်ခံစားမိဖို့မခက်ခဲချေ။သူဟာခေါင်းလှည့်လိုက်သောအခါသူတို့ရဲ့အကြည့်တွေဆုံသွားပြီးရှန့်ယန်ပေရဲ့မဖုံးကွယ်ထားသောအကြည့်တွေကိုမြင်လိုက်ရသည်။သူ(ချန်းဖန်း)ဟာသူ့မျက်နှာပူလောင်နေတယ်လို့ခံစားလိုက်ရသည်။
သူ့လက်ထဲကပုဆိန်ကိုချလိုက်ပြီးနောက်ကုချန်းဖန်းဟာသူ့ဆီလာပြီးမျက်နှာနီနီဖြင့်ပြောခဲ့သည် "ယောက်ျား ခင်များနိုးပြီလား?မနက်စာကအိုးထဲမှာအဆင့်သင့်ဖြစ်နေပြီ မစားခင်မျက်နှာသွားသစ်ပြီးပါးစပ်ဆေးလိုက်ပါ"
YOU ARE READING
My Favourite Manly Husband [mm translation]
RomanceOriginal Author_Rili Fenghe Chapters_103+12 extras Start date-7.7.2024