Chapter-5

137 14 2
                                    


When there's a mistake, there will be a punishment

"သခင် ကျွန်တော်သွားချက်တော့မယ် ခဏစောင့်အုံး ခင်များမကြာခင်စားရမှာပါ" ထိုလူဟာပြောရင်းမီးဖိုချောင်သို့ချက်ချင်းသွားခဲ့သည်။

"နေပါအုံး" ရှန့်ယန်ပေဟာ‌ရုတ်တရက်ပြောလိုက်သည်။ထိုလူရဲ့ခြေလှမ်းတွေဟာအနည်းငယ်ရပ်တန့်သွားရင်းရှန့်ယန်ပေကိုကြည့်ဖို့လှည့်လာသည်။

"မင်းဒီကိုလာပါအုံး"

ထိုလူဟာမဝံ့မရဲလျှောက်လာခဲ့သည်။ရှန့်ယန်ပေဟာအေးစက်နေသောမျက်နှာဖြင့်သူ့ကိုမေးခဲ့သည်
"မင်းဘာအမှားလုပ်မိလဲဆိုတာသိလား?"

ထိုလူရဲ့တည်ငြိမ်ပြီးနက်မှောင်သောမျက်လုံးတွေကအနည်းငယ်ပြူးကျယ်သွားသည်။ သူရဲ့ခန္ဓာကိုယ်ကျအေးခဲသွားပြီးနောက်အနည်းငယ်စဉ်းစားလိုက်ပြီးသူရဲ့ခေါင်းကိုလှည့်ကာရှုံးနိမ့်နေသောအသံဖြင့်ပြောလိုက်သည် "ကျေးဇူးပြုပြီးအခြေအနေကိုရှင်းလင်းဖို့သခင့်ကိုမေးပါရစေ"

ရှန့်ယန်ပေဟာသူ့ပါးစပ်ကိုဖွင့်ပြီးမသေမျိုးအမူအရာနှင့်ပြောလိုက်သည် "မင်းကိုယ့်ကိုနမ်းရင်ကိုယ်ပြောပြမယ်"

ထိုလူဟာရှန့်ယန်ပေကိုစိုက်ကြည့်လိုက်ရင်းသူ့ရဲ့မျက်နှာဟာအနီရင့်ရောင်ပြောင်းလာသည်။ ရှန့်ယန်ပေပုံကလည်းလုံးဝအတည်ကြီးဖြစ်နေသည်။ သူ့အမှားကအတိအကျသေချာနေပုံပေါ်သည်။ ထိုလူဟာမဝံ့မရဲဖြစ်သွားသည်။

သူဟာရှက်စရာကောင်းသောအပြုအမူကိုလုပ်ရန်ရည်ရွယ်ရင်းသူ့ရဲ့အားကိုစုဆောင်းလိုက်ကာရှန့်ယန်ပေရဲ့ပြေပြစ်နေသောပါးပြင်ကိုနမ်းလိုက်သည်။

တစ်ချက်ထိတယ်ဆိုရုံမျှသာ။

ရှန့်ယန်ပေဟာပေါ့ပါးသောအနမ်းကိုမကျေနပ်ခဲ့ချေ။သူဟာသူ့လက်နဲ့နောက်ပါးတစ်ထက်ကိုထောက်ပြရင်း"အလေးအနက်လုပ်ပါ"

ထိုလူရဲ့မျက်လုံးတွေဟာမှိတ်တုတ်မှိတ်တုတ်ဖြစ်သွားပြီးရှန့်ယန်ပေကိုလုံးဝမကြည့်ရဲတော့ချေ။သူ့လက်သီးကိုတင်းတင်းဆုပ်ရင်းတံ့တွေးကိုမျိုချကာရှက်နေသောမျက်နှာဖြင့်အောက်ကိုအကြိမ်အနည်းငယ်စိုက်ကြည့်ပြီးရှန့်ယန်ပေကိုအနမ်းတစ်ခုပေးလိုက်သည်။
ထို့နောက်ရှန့်ယန်ပေကပြုံးရင်းပြောလိုက်သည် "အနာဂတ်မှာမင်းအမှားလုပ်ရင်ကိုယ်ဒီနေရာကိုအပြစ်မှာနော်"ရှန့်ယန်ပေဟာထိုလူကိုအဓိပ္ပာယ်ပြည့်ဝစွာကြည့်ရင်းထိုသို့ပြောပြီးနောက်သူ့(ထိုလူ)ရဲ့နှုတ်ခမ်းကိုလျက်လိုက်သည်။

My Favourite Manly Husband [mm translation]Where stories live. Discover now