Part 2

2.8K 106 8
                                    

ဒီလိုနဲ့ ဖေဖေ့ရက်လည်လည်းအဆင်ပြေပြေနဲ့ပြီးဆုံးသွားခဲ့ပါတယ် အန်တီဝင့်ဝါကတော့ ဖေဖေ့ဆုံးခါစလေးသာပူဆွေးပုံပြနေပေမယ့် ခုတော့လည်းအရင်အတိုင်းပါပဲ တနေကုန်ဖဲရိုက်ပျော်ပါးနေတတ်သလို တခါတလေသူ့မိတ်ဆွေတွေကိုအိမ်ထိခေါ်ပြီးပါ ရိုက်တတ်သေးပါတယ် ဖေဖေကတော့ ထွေးငယ်နဲ့ အန်တီ့ကိုအမွေတွေကိုတခါတည်းအညီအမျှရှေ့နေနဲ့လွှဲထားပေးခဲ့ပေမယ့်လည်း ထွေးငယ်ဟာ ဖေဖေ့စီးပွါးရေးမလုပ်တတ်တာရော ဖေဖေကအန်တီနဲ့သာအတူနေဖို့မဆုံးခင်မှာခဲ့တာရောကြောင့်အဲ့တာတွေကိုလည်းမမေးမြန်းမိတော့ပဲနေမြဲတိုင်းသာနေတော့သည်

" ဟဲ့ထွေးငယ် ဟဲ့ လာအုန်း"

" ဟုတ်အန်တီလာပါပြီ"

" ဒီမှာငါ့ဧည့်သည်တွေပါတယ် စားဖို့သာက်ဖို့အကုန်စီစဉ်ပေး"

" ဟုတ်ကဲ့ပါအန်တီ"

တခါတခါဆို အန်တီနဲ့အတူယောက်ျားသားများပါ ပါလာတတ်ပြီး ထွေးငယ်ကိုလည်း စားမတတ်စိုက်ကြည့်ပြီး ယိသဲ့သဲ့လုပ်ချင်ကြသည် ဒါကြောင့်ထွေးငယ်လည်းအန်တီခိုင်းတာကိုသာ အကုန်တခါတည်းလုပ်ပေးပြီး သူတို့နဲ့ဝေးရာမှာသာရှောင်နေတတ်သည်
ဒီလိုနဲ့ အချိန်တခုကြာလာပြီးတော့ တရက်မှာတော့ အိမ်အောက်ထပ်မှာဆူညံညံအသံတွေကြားလို့ဆင်းကြည့်မိတော့

" ကျစ် ရှင့်ကိုကျမအချိန်နည်းနည်းလောက်ထပ်စောင့်ပေးပါလိူ့ပြောတယ်လေ ကိုမင်းယာ"

" ဟ ခင်ဗျားကိုကျုပ်အချိန်တွေပေးနေတာ နည်းမှမနည်းတော့ပဲ ခုဆိုတော်တော်ကြာနေပြီ ဒါတောင်ဆုံးသွားတဲ့ခင်ဗျားယောက်ျားကူညီပေးခဲ့ဖူးတဲ့မျက်နှာထောက်ပြီး စောင့်ပေးနေတာ ဒီအိမ်ပေါင်ထားတာ ရက်ပြည့်နေတာပဲဘယ်လောက်ကြာနေပြီလဲ ဒီအိမ်ကိုကျုပ်သိမ်းပြီးရင်တောင် ခင်ဗျားမှာဆပ်စရာအကြွေးတွေကျန်နေသေးတယ်နော်"

" ဟင် ဘာ ဘာပြောတာလဲ ဒီအိမ်ကိုပေါင်ထားတယ်ဆိုတာက အန်တီ တကယ်ပဲလား ဒီအိမ်ကိုပေါင်ထားတာလား"

" ကျစ်မင်းကြားတဲ့အတိုင်းပဲ ငါဖဲရှုံးလိူ့ပေါင်ထားတာ"

" အန်တီ ဘာလို့ဒီလောက်ထိလုပ်ရက်ရတာလဲဒါဖေဖေနောက်ဆုံးခေါင်းချခဲ့တဲ့အိမ်လေ ဖေဖေကိုယ်တိုင်ဆောက်ထားခဲ့တဲ့ ဖေဖေနဲ့ပတ်သက်တဲ့အမှတ်တရတွေရှိတဲ့အိမ်လေ ထွေးငယ်ကအန်တီ့ကိုပဲယုံပြီးကုမ္ပဏီရော အကုန်ပေးထားတာလေ ဘာလို့ဒီခြေနေထိလုပ်ရက်ရတာလဲ"

မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါWhere stories live. Discover now