ဒီနေ့ထွေးငယ် ပထမဆုံးအလုပ်စဆင်းနေပြီဖြစ်သည် အတွင်းရေးမှူးအမကလိုအပ်တာတွေအကုန်အသေးစိတ်သေချာသင်ပေးသလိုအလွန်သဘောကောင်းပါတယ် ရုံးကတခြားဝန်ထမ်းတွေအကုန်လုံးနဲ့ထွေးငယ်အဆင်ပြေပါတယ် ကြောက်ရတာကတော့ သူဌေးကိုပါပဲ စကားကိုမလိုအပ်ပဲမပြောတတ်သလို မျက်နှာကလည်းအရယ်အပြုံးမရှိပဲအမြဲတည်တင်းနေတတ်သည်လေ ဒီလိုနဲ့ ထွေးငယ်အလုပ်တွေလုပ်လာတာ အခုဆို အကုန်ပင်တတ်မြောက်လုနီးပါးဖြစ်နေပြီဆိုတော့ ဒီလကုန်ကတောင်စပြီး ထွေးငယ်တစ်ယေညက်တည်းစလုပ်ရတော့မည်ဖြစ်သည်လေ အရင်အတွင်းရေးမှူးအမကထွေးငယ်စိတ်ချရပြီဆိုတော့ ထွက်တော့မှာဖုစ်သည် ထွေးငယ်ရဲ့မိထွေးကလည်းအရင်လိုပဲသုံရဖြုန်းပြီးလျှောက်သွားနေဆဲပါ အိမ်လည်ရကပ်တယ်ရယ်လို့မရှိပါဘူးလေ ထွေးငယ်ရတဲ့လစာလေးကိုပဲ ၃ ပုံ ၂ ပုံကိုအကြွေးဆပ်ပြီး ၁ ပုံကိုတော့ထွေးငယ်အတွက်စုဆောင်းထားဖြစ်သည်
" ကဲညီမထွေးငယ် နောက်လဆိုအလုပ်တွေတစ်ယောက်တည်းစလုပ်ရတော့မှာနော် အဆင်ပြေရဲ့လား"
"ဟုတ်ပြေပါတယ် မမသင်ပေးထားတာလေးတွေလည်းသေချာမှတ်ထားပါတယ် ထွေးငယ်အကောင်ရဆုံးလုပ်မှာပါ ဟီးး ဒါပေမယ့် သူဌေးကိုတော့ကြောက်တယ်"
" ဟော သူဌေးကအမြဲရုပ်တည်နဲ့နေပေမယ့် စိတ်ရင်းကောင်းပါတယ် ဒါပေမယ့်အလုပ်နဲ့ပတ်သက်ရင်တော့အမှားမခံဘူးလေ သေချာတော့သတိထားလုပ်ပေါ့"
" ဟုတ်ဟုတ်မမ"
__
မောင်ဟာအလုပ်ခန့်ရင်အရင်တည်းက သေချာစီစစ်ပြီး လုပ်ငန်းအတွေ့အကြုံရှိမှခန့်တတ်တဲ့သူမျိုးလေ အဲ့တာကိုသိကြတဲ့ ရုံးကဝန်ထမ်းအများစုကတော့ ထွေးငယ်ကိုခန့်လိုက်တာကိုတချို့ကလည်း အံ့ဩကြသလို တချို့ကျလည်းမနာလိုအတင်းဖျင်းပြောတာတွေကြားမိသည် တော်သေးသည်ကသူကတခြားဝန်ထမ်းတွေနဲ့ရောပြီးတွဲမလုပ်ရပဲ ကိုယ်နဲ့မယမင်းနဲ့သာ တွဲလုပ်ရတာကြောင့်သာ အပြင်စကားတွေသူမကြားရတာဖြစ်သည် မောင်ကခန့်လိုက်ပေမယ့်လည်း စတည်းကသူ့လုပ်ရည်ကိုင်ရည်ကိုသေချာစောင့်ကြည့်နေတာပါ သူပြောသလိုပဲသင်လွယ်တတ်လွယ်ပြီး ခုဆိုအချိန်ခနလေးနဲ့ပင်သူတစ်ယောက်တည်းပင်တိုင်လုပ်နိုင်နေပြီဖြစ်သည် သူ့ကိုအလုပ်ခန့်လိုက်တာပင်မှန်သွားသည်ပြောရမည် မောင်သူ့မျက်နှာလေးကိုကြည့်လိုက်တိုင်းအေးချမ်းမိသလို သူအနားဟောက်လာရင်ရသောရနံ့လေးကြောင့်လည်း စိတ်ကြည်လင်လန်းဆန်းမိသည်သိလိုက်ရတာက သူဟာရေမွှေးမသုံးတာကြောင့်ဒါဟာသူ့ကိုယ်သင်းရနံ့ဖြစ်တာကြောင့်ပင် သူ့ကိုမြင်ရင်အလိုလိုရင်ခုန်မိသည် ခနခမသူ့မျက်နှာလေးကိုကြည့်နေချင်မိသည် ဒါပေမယ့် ဒါကိုအချစ်လို့တော့မောင်ခေါင်းစဉ်မတပ်ချင်သေးပါ မောင့်ကိုမောင်ဆန်းစစ်ဖို့လည်း သူကိုဆိုခပ်တည်တည်သာဆက်ဆံမိသည် သူအရောဝင်လိုက်လို့မှ တခြားဝန်ထမ်းတွေပိုပြီးအထင်မြင်လွဲလာမှာကိုလည်းမလိုချင်ဘူးလေ
___
" ဟာ ကျစ်ပါသွားပြန်ပြီကွာ"
YOU ARE READING
မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါ
Romanceအထွေးအပေါ်မှားခဲ့တဲ့အမှားတွေအတွက်မောင့်အချစ်တွေနဲ့ပြန်လည်ကုစားပေးခွင့်ပြုပါ *အမရာမောင်* မောင့်အချစ်ကိုမမျှော်လင့်ရဲပေမယ့် မောင့်ကိုချစ်လို့အရာအားလုံးပေးဆပ်ရဲပါတယ်မောင် *ထွေးငယ်*