Part 6

2.4K 95 9
                                    

ထွေးငယ်လည်းပုံမှန်အတိုင်းလေး ရုံးပြန်တက်ဖြစ်တယ် သူဌေးရဲ့မျက်နှာကတော့ကြည်လင်မနေပါဘူး အရင်ကနီးနီးကပ်ကပ်ရှိလာပြီထင်ရပေမယ့် ခုကျပြန်အလှမ်းဝေးသွားသလိုပါပဲ အရင်လိုလည်းသူ့ကိုသိပ်အဖက်မလုပ််တော့ပဲ အလုပ်ကိြတစိုက်မက်မက်လုပ်ပြီး စကားပင်ပြန်မပြောတော့ပါ မနေ့ကထွေးငယ်ပုံစံကိုမြင်ပြီး တမျိုးထင်သွားတယ် ထင်ပါရဲ့ ဘာပဲဖြစ်ဖြစ်လေ အလုပ််မထုတ်ပစ်တာကိုပဲကျေးဇူးတင်ရမှာပဲ
___
မောင် ဒီမနက်ထွေးငယ်ကိုမြင်တော့ ညကမြင်ကွင်းကိုပြန်မြင်ယောင်ပြီး အလိုလိုဒေါသထွက်နေမိသည် သူနဲ့ထိပ်တိုက်တခုခုပြောရရင် စိတ်ပေါက်ပြီးထင်ရာစိုင်းကာပြောဆိုမိမှာစိုးလို့ သူနဲ့တတ်နိုင်သလောက်ခပ်ကင်းကင်းနေရသည် ညကတွေ့ရတဲ့အနေထားအရသူဟာ ဒီလိုလူစားမျိုးပါလားဆိုတာကို သိနေပေမယ့် စိတ်ကလည်းမယုံကြည်နိုင်သေးပါ မောင်ဘာလို့ ဝန်ထမ်းတစ်ယောက်အတွက် ဒီလိုဖြစ်နေလဲ မသိတော့ပါ စိတ်တွေရှုပ်ထွေးလာရတာတော့ အမှန်ပါပဲ မောင်လည်း စိတ်ညစ်ညစ်နဲ့ကုမ္ပဏီအပေါ်စီးမှန်ကနေကြည့်နေရင်းမှ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့် ပိုပြီးဒေါသထွက်လာပြီး အနားရှိပန်းအိုးကိုပင်ရိုက်ခွဲပလိုက်မိသည်လေ
__
ထွေးငယ်လည်း နေ့ခင်းထမင်းစားချိန်အတွက် ဘာမှမဖည့်လာဖြစ်တာကြောင့် ရုံးရှေ့ကဆိုင်မှာတခုခုဝယ်မလို့ သွားရင်း သူဌေးအကြောင်းကိုတွေးနေမိသည် သူ့စိတ်ထဲကသူဌေးဆီ ခပ်စိမ်းစိမ်းဆက်ဆံခံရတာ နေရလည်းကြပ်သလို ရင်ထဲမကောင်းဖြစ်ပြီး အလိုလိုဝမ်းနည်းနေမိသည် ဘာလို့လဲတော့ ထွေးငယ်မသိပါလေ ထွေးငယ်လည်း သူဌေးအကြောင်းတွေးနေရင်းမှ ရှေ့ကလာတဲ့ယောက်ျားတစ်ယောက်ကိုတိုက်မိပြီး လဲကျမလိုဖြစ်သွားတော့ ထိုယောက်ျားလေးကလှမ်းထိန်းပေးထားတော့ သူ့ရက်ခွင်ထဲကိုရောက်သလိုဖြစ်သွားရသည်လေ

" အာ ဆော် ဆော်ရီးပါ ကျမတွေးရင်းနဲ့ ရှေ့ကိုမကြည့်မိလိုက်လို့ပါ"

" ရပါတယ်ဗျာ"

"ဟုတ်ဟုတ်"

ထိုမြင်ကွင်းကိုမြင်မိသူကတော့ မောင်ပဲပေါ့လေ
နဂိုတည်းကလွဲနေမှ စိတ်ကပိုပြီးအထင်လွဲသွားခဲ့ရပြီလေ
____
ထွေးငယ်အပေါ်ပြန်တက်လာပြီး သူဌေးကိုစစ်ဖို့စာရင်းသွားပေးတော့ မျက်နှာကရဲပြီးတော်တော်ဒေါသထွက်နေပုံရတာမို့ ထိတ်လန့်နေမိသည်

မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါWhere stories live. Discover now