Part 9🔞🔞

4.2K 111 8
                                    

ဒီနေ့တော့ ရုံးစာရင်းတွေစစ်စရာရှိတာကို မောင်မလာပဲ မောင့်အမကိုယ်တိုင်လာစစ်မည်လို့အကေကာင်းကြားထားတာမို့ စာရင်းအတွက် သေချာစီစစ်နေရသည် မောင့်အမဟာမောင့်ထက်တောင်ပိုပြီးအလုပ်ကိုတိကျပြီး မာနလည်းအတော်ကြီးကာမောက်မာသည်လို့ပြောသံတွေကြားရသည်

ဒီလိုနဲ့ရုံးကိုမောင့်အမရောက်လာပြီး မောင့်စားပွဲပေါ်ထိုင်ကာ စာရင်းတွေအသေးစိတ်ထိုင်စစ်နေတော့သည် ဘေးကနေလည်းစာရင်းဌာနကသူတွေကလည်းကြောက်ကြောက်လန့်လန့်နဲ့ရပ်ပြီးစောင့်နေရရှာသည်

" တောက်ခ် ဒီမှာလချုပ်စာရင်းကဘာလို့ကွာနေရတာလဲဟမ် ဒီစာရင်းကဘယ်သူတာဝန်ယူလုပ်တာလဲ"

" ဟို သမီး သမီးလုပ်တာပါမမ "

" နင်လုပ်ထားတာနင်လာကြည့်စမ်း ကွာတဲ့ပမာဏကနည်းတယ်ဆိုပေမယ့် အဲ့လိုနည်းနည်းကနေနောက်ပိုင်းငွေအမောက်တွေအများကြီးကွာလာနိုင်တယ်လေစာရင်းဌာနမှာလုပ်နေပြီး ဒီဟာလေးကိုမှတာဝန်မယူနိုင်ရင် ဒီလိုကုမ္ပဏီကြီးမှာလာလုပ်မနေနဲ့တော့သူ့အထက်ကသူတွေကရော သူလုပ်ထားတာကိုအဆင့်ဆင့်ပြန်မစစ်ကြဘူးလားဟမ် ပြီးပြီးရောလုပ်ကြတာပဲလား ရာထူးကြီးတဲ့နေရာပေးထားတယ်ဆိုတာကိုယ့်လက်အောက်ကဝန်ထမ်းတွေကိုလည်းစောင့်ကြပ်နိုင်ရမယ်လေ တောက်ခ် စာရင်းဌာနမှာသူကနေစပြီးအထက်ထိ အကုန်လစာတဝက်ဖြတ်လိုက်"

စာရင်းလွဲနေတာမိသွားလို့ သောင်းကျန်းခံနေရတာဖြစ်သည် အပြောခံရတဲ့ကလေးမလေးဟာလည်းမျက်ရည်ကျတော့မလိုဖဍထိတ်လန့်နေသလို သူ့အထက်ကအမတွေကလည်းမျက်နှာတွေပျက်နေကြပြီဖြစ်သည်

" အတွင်းရေးမှူးကမင်းမလား"

" ရှင် ဟုတ် ဟုတ်ပါတယ်"

" ငါ့အတွက် ကော်ဖီတခွက်သွားဖျော်ပေး အရမ်းမခါးစေနဲ့ပုံမှန်အချိုတိုင်းဖျော်ခဲ့"

" ဟုတ်ကဲ့"

ထွေးငယ်ကိုလည်းခိုင်းလာတာကြောင့်သူ့စိတ်ကြိုက်ပုံစံကော်ဖီကိုအမြန်ဖျော်ပြီးသွားပို့တော့မည် ထွေးငယ်လည်းကော်ဖီဖျော်ပြီး သူ့နားမှာချပေရဖို့လာရင်း ဒေါက်ကခေါ်လဲကျပြီး ကော်ဖီရော ခွက်ရောသူ့အပေါ်မှောက်ကျသွားရတော့သည်

မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါWhere stories live. Discover now