Part 12

2.4K 113 8
                                    

ဒီနေ့ဆို အန်တီလည်းဆေးရုံကဆင်းလာပြီ ထွေးငယ်လည်းအန်တီ့ဝေယျာဝိစ္စတွေကိုသာအသေးစိတ်လိုက်ပြုစုပေးနေရတာကြောင့်မအားလပ်နိုင်အောင်ပါပဲလေ

" အန်တီ ထမင်းစားရအောင်နော် အမာတွေစားလ်ု့မရသေးဘူးဆိုလို့ သမီးကြာဇံဟင်းခါးလေးလုပ်ထားပေးတယ် ဆန်ပြုတ်ကျမသောက်ချင်လောက်ဘူးထင်လို့"

အန်တီဟာ လက်တဖက်လည်း အရိုးအက်ပြီးကျောက်ပက်တီးစီးထားရတာကြောင့် ထွေးငယ်ကိုယ်တိုင်ပဲ ခွံကျွေးဖြစ်သည်

" တော်ပြီ ထွေးငယ်"

" ဟင် နည်းနည်းလောက်ထပ်စားလိုက်ပါအုန်းလားအန်တီ ဒါမှဆေးသောက်လို့ရမှာ"

" အင်း"

" ရပြီအန်တီ ဒီဆေးလေးတွေသောက်လိုက်နော် ဒီမှာရေ"

" အန်တီ အပေါ့ အလေးသွားချင်သေးလား သမီးလိုက်ပို့ပေးမယ်"

" ဟင့်အင်း မသွားချင်ဘူး"

" ဟုတ်ဟုတ် အာ့ဆို တခုခုဆိုသမီးကိုဖုန်ရဆက်ခေါ်လိုက်နော် မီးဖိုးချောင်ထဲမှာဆိုတော့ခေါ်ရင်မကြားမိမှာစိုးလို့ "

" အာ့ဆို အိပ်လိုက်အုန်းနော်အန်တီ"

ထွေးငယ်လည်းနေရာသေချာချပေး စောက်တွေဘာတွေသေချာခြုံပေးပြီးတော့ ထသွားမယ်အလုပ် အန်တီကထွေးငယ်လက်ကိုလှမ်းဆွဲထားပြီး

" ထွေးငယ်"

" ရှင် အန်တီ"

" တောင်းပန်ပါတယ်နော်"

" ဟင် ဘာကိုလဲအန်တီရဲ့"

" အရင်က ထွေးငယ်အပေါ် အနိုင်ကျင့်ခဲ့တာတွေ ယုတ်မာမိခဲ့တာတွေအတွက် တကယ်တောင်းပန်ပါတယ်နော်"

အန်တီဟာထွေးငယ်ကိုငိုရင်းတောင်းပန်လာသည်မို့

" အို မငိုပါနဲ့အန်တီရယ် အရင်ကအကြောင်းအရာတွေကိုထွေးငယ်စိတ်ထဲဘာမှမရှိတော့ပါဘူး မငိုပါနဲ့ ငိုရင်ခေါင်းပြန်ကိုက်နေမယ်အန်တီရဲ့ စိတ်ကိုပေါ့ပေါ့ပါးပါးနေပါနော် ထွေးငယ်အရင်ကအကြောင်းတွေကို ဘာမှမမှတ်ထားပါဘူး "

" အန်တီက ထွေးငယ်အပေါ်ကို ဒီလောက်ယုတ်မာမိထားတာ ခုလိုချိန်မျိုးမှာ ထွေးငယ်ကအန်တီ့ကိုပစ်ပယ်မထားပဲ အန်တီအညစ်အကြေးကစအကုန်လိုက်စောင့်ရှောက်ပေးနေတော့ ပိုပြီးအားနာမိတယ် ကိုယ့်ကိုကိုယ်လည်းတအားစိတ်ပျက်မိတယ်"

မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါWhere stories live. Discover now