မနက်မိုးလင်းတာနဲ့ ထွေးငယ်အစောကြိးထကာ အိမ်အတွက်မနက်စာနေ့လည်စာ အကုန်ပြင်စရာရှိတာပြင်ဆင်ပြီး အင်တာဗျူးရှိတဲ့ကုမ္ပဏီကို ထွက်လာခဲ့လိုက်သည် ရုံးကိုရောက်တော့ ၁၀ နာရီထိုးဖို့ ၁၅ မိနစ်အလိုလောက်ရှိနေပါပြီ ကိုယ့်ရှေ့မှာလည်းကိုယ့်လိုပဲ အင်တာဗျူးဖြေကြမယ့် သူတွေကိုတွေ့ရသည်လေ ထိုသူတွေကိုကြည့်ရင်းမှ ထွေးငယ်တကယ်ကိုအလုပ်ရပါ့မလား စိုးရိမ်စိတ်ဝင်မိသည်
___
အမရာမောင်တစ်ယောက် ၁၀ နာရီထိုးတာနဲ့ တစ်ယောက်ပြီးတစ်ယောက် စပြီးအင်တာဗျူးတော့သည် လူတော်တော်များများပြီးတဲ့ထိကို မောင်တစ်ယောက်စိတ်ကျေနပ်လောက်တဲ့သူမတွေ့မိသေးပါ ဒီလိုနဲ့ ခုတစ်ယောက်ရဲ့ cv form ကိုကြည့်ပြီး နာမည်ရေရွတ်လိုက်မိသည် ထွေးငယ်
__
ထွေးငယ်လည်း အလှည့်ကျပြီဆိုတော့ လန့်လန့်နဲ့ပဲရုံးခန်းထဲဝင်လာခဲ့လိုက်တော့ တွေ့ရတဲ့သူဌေးက သူ့ထက်တောင်ငယ်လောက်မယ့် ကောင်မလေးတစ်ယောက် တော်တော်လေးချောပြီး ကြည့်ကောင်းကာအရမ်းမိန်းမမဆန်တဲ့ထဲပါတယ်
မောင်လည်းဝင်လာတဲ့သူကိုကြည့်မိလိုက်တော့ မြန်မာဝတ်စုံရိုးရိုးလေးသာဝတ်ဆင်ထားပြီး မျက်နှာမှာလည်းဘာမှလိမ်းခြယ်ထားခြင်းမရှိပဲသနပ်ခါးသာလိမ်းထားသည် သူဝင်လာပြီးမောင့်ရဲ့စားပွဲရှေ့ထိုင်လိုက်တော့ သူ့ဆီကရလိုက်တဲ့သနပ်ခါးအနံ့သင်းသင်းလေးနဲ့ ရေမွှေးနံ့သားကိုယ်သင်းရနံ့လား မသဲကွဲတဲ့အနံ့သင်းသင်းလေးတစုံတရာကြောင့် နဂိုရှုပ်နေတဲ့စိတ်ပင်ကြည်လင်လန်းဆန်းသွားမိသည် သူ့မျက်နှာလေးကိုကြည့်မိလိုက်တော့လည်း အေးချမ်းပြီး ယဉ်လွန်းလှတဲ့အလှမျိုးလေး မသိလိုက်ခင်မှာပဲ မောင်ရဲ့ရင်ဘတ်ထဲကတစ်စုံတရာက အရမ်းခုန်နေပြီလေ
__
ထွေးငယ်ကိုဝင်လာတည်းကစိုက်ကြည့်နေတဲ့ သူဌေးမလေးရဲ့အကြည့်တွေကြောင့်ထွေးငယ်ပင်မနေတတ်တော့ပါ နဂိုကမှကြောက်လို့ရင်တုန်နေတာ အဲ့လိုစူးစိုက်နေတဲ့အကြည့်ကြောင့်ပိုပြိးတော့ပင် ရင်တွေအခုန်မြန်လာရသည် ထိုချိန်" အဟန့် " မောင်လည်းချောင်းတချက်ဟန့်ပြီး
" နာမည်က ထွေးငယ် အသက်က ၃၁ နှစ် နော်"
" ဟုတ်ပါတယ်ရှင့်"
" ဒီထဲမှာဖော်ပြထားတဲ့ ဘွဲ့လက်မှတ်နဲ့အောက်လက်မှတ်စာရွက်စာတန်းတွေတချက်ပြပေးနော်"
" ဟုတ်ဟုတ် ဒီမှာပါ သူဌေး"
" အင်းး ဖော်ပြထားပုံအရတော့ လိုချင်တဲ့အချက်အလက်ကအကုန်ပြည့်စုံပါတယ် တစ်ခုကလုပ်ငန်းအတွေ့အကြုံလုံးဝမရှိဘူးနော်"
" ဟုတ်ဟုတ်ကဲ့ ဘွဲ့ရပြီးတည်းကအိမ်မှာပဲဝိုင်းကူနေရတာနဲ့ဆိုတော့လေ အဲ့တာကြောင့်ပါ သေချာသင်ပြပေးမယ်ဆိုရင် ထွေးငယ်သေချာလိုက်လုပ်နိုင်ပါတယ်အပင်ပန်းလည်းခံနိုင်သလို သင်လွယ်တတ်လွယ်တဲ့ထဲလည်းပါပါတယ်သူဌေး"
" အင်းဟုတ်ပါပြီလေ ဒါနဲ့ဒီအလုပ်ကိုဘာလို့လာလျှောက်ဖြစ်တာလဲ"
" ဟို အလုပ်လိုနေလို့ပါ"
အစကတော့ တက်တက်ကြွကြွနဲ့ရှင်းပြပြီးမှ ခုကျမဝင့်မရဲနဲ့အလုပ်လိုချင်လို့တဲ့ဖြေတာလေးက တကယ်ကိုဘယ်အင်တာဗျူးမှဖြေဖူးပုံမရပါလေ သူ့ပုံစံလေးကြည့်ပြီးရုတ်တရက်ရယ်ချင်မိပေမယ့်လည်းထိန်းထားလိုက်သည်
" ကောင်းပါပြီ ဖုန်းပြန်ဆက်သွယ်ပေးပါ့မယ်နော်"
" ဟုတ်ကဲ့ သူဌေးသွားလိုက်ပါအုန်းမယ်ရှင့်"
" ကောင်းပါပြီ"
သူထွက်သွားတာနဲ့ ကျန်တဲ့သူတွေကိုဆက်ဗျူးကြည့်ပေမယ့် ဘယ်လိုမှစိတ်ကမပါတော့ပါစိတ်ကသူ့ဆီကိုသာရောက်ပြီး သူ့ကိုသာအနားခေါ်ထားချင်နေမိသည်လေ
" မယမင်းရေ"
" ဟုတ်ကဲ့သူဌေး"
" သူ့ကိုပဲအလုပ်ခန့်လိုက်ပါ ညနေကျမနက်ဖြန်ကစပြီးအလုပ်စဆင်းခိုင်းလိုက်ပါ"
" ရှင့် အာဟုတ်ကဲ့သူဌေး"
ယမင်းပင်ကြောင်သွားမိသည် လုပ်ငန်းအတွေ့အကြုံနှစ်ချီရှိနေတဲ့သူတွေအများကြီးထဲမှာမှ အလုပ်တခါမှမလုပ်ဖူးတဲ့သူကိုရွေးလိုက်တာဆိုတော့လေ ဒါပေမယ့်လည်းသူဌေးစိတ်တိုင်းကျရွေးတာဖြစ်လို့ဘာမှတော့ထူးပြီးမေးမနေဖြစ်တော့ပါလေ
__
" ဟယ်လို ထွေးငယ်"
" အေးဆွေဆွေ ပြော"
" ဒီနေ့အလုပ်လျှောက်တာအခြေနေဘယ်လိုလဲ"
" ဟင်းး ရမယ်မထင်ပါဘူးဟယ် ငါ့ရှေ့မှာလျှောက်ကြသူအများစုက လုပ်ငန်းအတွေ့အကြုံရင့်နေတဲ့သူတွေချည်းပဲဟ ငါ့မှာသေချာလည်းမဖြေနိုင်ခဲ့တော့ရမယ်မထင်ပါဘူး"
" စိတ်ဓာတ်မကျပါနဲ့ဟာ ဒီအလုပ်မရောတ့လည်းနောက်တခုကိုင့သေချာရှာပေးပါ့မယ် ခုတော့နားလိုက်အုန်းနော် ဒါပဲလေနော်
" အေးအေး အာ့ဆိုဒါပဲနော်"
ဖုန်းချပြီး သက်ပြင်းတစ်ချက်သာချလိုက်ပြီး ထုံးစံမပျက်အိမ်အလုပ်တွေကိုဆက်တိုက်ပြန်လုပ်ရတော့သည်လေ ဒီလိုနဲ့ညနေရောက်တော့ ဖုန်းလာလို့ကိုင်လိုက်တော့
" ဟယ်လို မထွေးငယ်လားမသိဘူးရှင့်"
" ဟုတ်ပါတယ်ရှင့်"
" ဟုတ် sky star company ကဆက်လိုက်တာပါ မနက်က အလုပ်အင်တာဗျူးဖြေသွားတာလေးလေ အဲ့တာလေးအင်တာဗျူးအောင်ပါတယ်နော် အဲ့တာမနက်ဖြန် မနက် ၉ နာရီကစပြီးအလုပ်စဆင်းပေးပါနော် အလုပ်ရောက်တာနဲ့လိုအပ်တာအသေးစိတ်ကိုပြန်ပြောပေးပါ့မယ်"
" ရှင် တကယ်လား ဟုတ်ဟုတ် မနက်ဖြန် စဆင်းပေးပါ့မယ်ရှင့် ကျေးဇူးတင်ပါတယ်ရှင့်"
အလုပ်ရတယ်ကြားတာနဲ့ ထွေးငယ်ထခုန်မတတ်ပင်ဝမ်းသာမိပြီး ဆွေဆွေ့ကိုလှမ်းပြောပြောတ့ ထပ်တူဝမ်းသာပေးရှာသည်လေ ဖေဖေသမီးအလုပ်တော့စလုပ်နေပါပြီ ဖေဖေ့အိမ်လေးကိုအဆုံးမခံရအောင်သမီးကြိုးစားပါ့မယ်နော် ဒီလိုနဲ့အန်တီဝင့်ဝါဖြစ်သူကိုလည်းပြောပြလိုက်တော့ အန်တီကတော့လစာလေးတစ်ပဲခြောက်ပြားနဲ့ဟုပင်ပြောသွားကာထွေထွေထူးထူးတော့ဘာမှပြန်မပြောချေ မနက်ကတွေ့ခဲ့တဲ့သူဌေးနဲ့အလုပ်တွဲလုပ်ရမှာကိုပင် ထွေးငယ်ပိုလို့ဝမ်းသာမိသလို ရုပ်တည်ကြီးနဲ့မို့ကြောက်လည်းကြောက်နေမိသည်လေ ဒီလိုနဲ့မနက်ဖြန်အတွက် တွေးနေရင်းပင် အိပ်ဆက်လိုက်တော့သည်
___\\\\___
သာသာ အလုပ်နည်းနည်းများသွားတာနဲ့ မနေ့ကမတင်ပေးလိုက်ရဘူး စောင့်နေသူများကိုလည်း တောင်းပန်ပါတယ်နော် ပုံမှန်လေးပြန် up ပေးပါမယ်😘🥰
YOU ARE READING
မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါ
Romanceအထွေးအပေါ်မှားခဲ့တဲ့အမှားတွေအတွက်မောင့်အချစ်တွေနဲ့ပြန်လည်ကုစားပေးခွင့်ပြုပါ *အမရာမောင်* မောင့်အချစ်ကိုမမျှော်လင့်ရဲပေမယ့် မောင့်ကိုချစ်လို့အရာအားလုံးပေးဆပ်ရဲပါတယ်မောင် *ထွေးငယ်*