ဒီနေ့ တော့မောင်တစ်ယောက်တဖက်ကုမ္ပဏီက ကိုကျော်စွာဆိုသူနဲ့အလုပ်ကိစ္စဆွေးနွေးရအုန်းမည်ဖြစ်သည် အရင်တည်းကအလုပ်အတုလုပ်ဖူးနေကျ ပါတနာတွေဖြစ်ပေမယ့်လည်း ခုတော့ထွေးငယ်နဲ့ပတ်သက်တာမြင်ပြီးတည်းက တွေ့ချင်စိတ်မရှိလောက်အောင်ကိုဖြစ်နေရသည်လေ
" ရောက်နေတာကြာပြီလား ဆော်ရီးနော် ကျွန်တော်နည်းနည်းနောက်ကျသွားတယ်"
" ရပါတယ် ကျမလည်းရောက်တာမကြာသေးပါဘူး တခုခုမှာလိုက်ပါအုန်း ပြီးမှအလုပ်ကိစ္စပြောကြတာပေါ့"
ဒီလိုနဲ့ပဲအလုပ်ကိစ္စတွေဆွေးနွေးပြီးကြတော့
" အမရာမောင်တောင်မကြာခင်လက်ထပ်တော့မှာနော် မဂ်လာပွဲအတွက်ရင်ခုန်နေပြီလားဗျ"
" အဟင်း ဒီလိုပါပဲ ဖိတ်စာရရင် သီးသန့်လာဖိတ်ပါအုန်းမယ် ဒါနဲ့ ကိုကျော်စွာရော"
" အဟက် ကျွန်တော်ကတော့ ဒီတသက်မိန်းမတောင်ရမယ်မထင်ပါဘူးဗျာ"
" မဟုတ်တာ ကိုကျော်စွာကို ကျမအရင်အတွင်းရေးမှူးနဲ့ ခနခနတွေ့နေရတာကိုနော် "
" အဟင်း ထွေးငယ်က ကျွန်တော်ကသာတဖက်သတ်ချစ်ပြီး လိုက်ကပ်နေရတာပါဗျာ သူကကျွန်တော့်ကိုသာမန်ပဲဆက်ဆံတာပါ"
" ဟင် ဘယ်လိုမျိုးလဲ ဒီလိုပါတီပွဲတွေအတူတက်လိုက် ရုံးသွားရုံးပြန်အပို့အကြိုလုပ်နေတာတောင် သာမန်ပဲဆိုတာက"
မောင်လည်း သူများကိစ္စကိုဝင်စွက်ဖက်ပြီးမေရဖို့မသင့်ပေမယ့် သိချင်လာတာကြောင့်မေးမိတော့သည်
" သူက သူ့ရဲ့မိထွေးဖြစ်သူကိုမလွန်ဆန်နိုင်လို့သာ ကျွန်တော့်ကိုလက်ခံပေးထားတာပါဗျာ တကယ်ကသူကတအားသနားဖို့ကောင်းပါတယ် အဖေဆုံးပြီးတည်းကမိထွေးနဲ့နေပြီး နှိပ်စက်မှုတွေကိုဒီအသက်ရွယ်ထိကြုံနေရတာ"
" အမှန်တိုင်းပြောရရင် ကျမဆီမှာ အတွင်းရေးမှူးအနေနဲ့အချိန်တခုထိလုပ်ခဲ့ပေမယ့် ကျမသူ့အကြောင်းသေချာမသိခဲ့ဘူး အဆင်ပြေမယ်ဆို ကိုကျော်စွာသိသလောက်ပြောပြပေးနိုင်မလား ဟို ကူညီနိုင်တာရှိရင်ကူညီပေးလို့ရအောင်ပါ"
YOU ARE READING
မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါ
Romanceအထွေးအပေါ်မှားခဲ့တဲ့အမှားတွေအတွက်မောင့်အချစ်တွေနဲ့ပြန်လည်ကုစားပေးခွင့်ပြုပါ *အမရာမောင်* မောင့်အချစ်ကိုမမျှော်လင့်ရဲပေမယ့် မောင့်ကိုချစ်လို့အရာအားလုံးပေးဆပ်ရဲပါတယ်မောင် *ထွေးငယ်*