Part 5

2.2K 101 11
                                    

ထွေးငယ်လည်း ဖုန်းဆက်ခေါ်တဲ့နေရာကို taxi ငှါးကာအမြန်သွားလိုက်ပြီး ရောက်လို့အထဲဝင်ကြည့်လိုက်တော့ လူပေါင်းစုံက လောင်းကစားကိုအားရပါးရဆော့နေကြကာ တချို့ယောက်ျားတွေကလည်း မိန်းမတွေနဲ့ ထိကပါးရိကပါးနဲ့နေနေရကြသည်မှာ ကြည့်လို့ပင်မသင့်တော်အောင်ပင် တချို့တွေကတော့ ဝင်လာတဲ့ထွေးငယ်ကိုစားမတတ် ဝါးမတတ်ပင်စုံဆန်ကြည့်နေကြသည် ထွေးငယ်လည်းကြောက်လန့်လာတာနဲ့ ခုနကဖုန်းကိုပြန်ခေါ်လိုက်ပြီး

" ဟယ်လို ကျမရောက်လာပြီ အန်တီကဘယ်မှာလဲဟင်"

" အာ ဟုတ် အခုကျွန်တော်လာခေါ်မယ်နော် ခနစောင့်နေပါ"

" ဟုတ်ဟုတ်
ထွေးငယ်လည်းကြောက်ကြောက်နဲ့သာရပ်ပြီးစောင့်နေလိုက်ရသည် ခနနေတော့ရောက်လာပြီး

" ဒီက ဒေါ်ဝင့်ဝါ အိမ်ကလားမသိဘူး"

" ဟုတ်ပါတယ် အန်တီရောဟင်"

" လိုက်ခဲ့ပါဗျ ကျွန်တော်ပြပေးပါမယ်"

ဟုဆိုကာ သူ့နောက်လိုက်သွားတော့ အခန်းတွေတန်းစီနေတဲ့နေဟာတခုဖြစ်သည် အခန်းတခုရှေ့ရောက်တော့ထိုလူကရပ်လိုက်ပြီး

" ဒေါ်ဝင့်ဝါက ဒီထဲမှာဗျ သူတို့ဆော့ရင်းပြသာနာတက်နေကြတယ် ဝင်သွားလိုက်ပါနော်"

ထွေးငယ်လည်း ဘာမှန်းမသိကြောက်ကြောက်လန့်လန့်နဲ့ဝင်သွားတော့ ဝဝဖိုင့်ဖိုင့်လူကြီးတစ်ယောက်က ကုတင်ပေါ်တွက်ထိုင်နေကာ အရက်သောက်နေတာပဲမြင်ရသည်လေ အခန်းများမှားနေသလားထင်မိပြီ

" အို ဆော်ရီးပါ အခန်းမှားနေတာထင်တယ်"

ဆိုပြီး လှည့်ထွက်ဖို့လုပ်တုန်း ထိုလူကြီးကလက်ကိုဆောင့်ဆွဲထားပြီး တံခါးကိုလော့ခ်ချလိုက်သည်လေ

" ရှင် ရှင် ဘာလုပ်တာလဲ ဖယ်ပါ ကျမအန်တီဆီသွားမလို့ပါ"

" ဟက် မင်းအန်တီ ဒေါ်ဝင့်ဝါကိုပြောတာလား ဒီမှာ မင်းမိထွေးက ငါ့ဆီမှာ မင်းကို သိန်း ၂၀၀၀ နဲ့ရောင်းသွားပြီးပြီကောင်မလေးရယ်"

" ဟင် မ မဖြစ်နိုင်တာ ဖယ်ပါ ကျမအန်တီနဲ့တွေ့ပါရစေ ရှင် လွှတ်နော် ကျမကို"

မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါWhere stories live. Discover now