Part 8

2.6K 105 10
                                    

ဒီလိုနဲ့ပဲထွေးငယ်လည်းအိမ်ကိုကိုယ့်ဘာကိုယ်ပြန်လာခဲ့လိုက်သည်

" ဟဲ့ မိထွေးငယ် ပါတီပွဲတက်တာ ဘာလို့တညလုံးပြန်မလာရတာလဲဟမ် ဒီမှာမောင်ကျော်စွာက ညကပြန်တာသူ့က်ုဖုန်းဆက်မခေါ်လို့ဆိုပြီး စိတ်ပူပြီးအစောကြီးလာစောင့်နေတာ"

ထွေးငယ်လည်းစိတ်ရောလူရောပင်ပန်းနေတာကြောင့်ဘာစကားမှပင်ပြောချင်စိတ်မရှိလောက်အောင်ဖြစ်နေရသည်

" ပွဲမှာရှင်းစရာရှိတာရှင်းရင်း ကူလုပ်ပေးရင်းနဲ့ နောက်ကျသွားလို့ ရုံးကသူတွေနဲ့ပဲအဲ့မှာစုအိပ်လိုက်ကြတာပါ"

" တော်သေးတာပေါ့ဗျာ ကျွန်တော်ကစိတ်ပူနေတာဖုန်းဆက်လိုက်ရင်လည်းအနှောင့်ယှက်ဖြစ်မှာစိုးလို့ ခုမနက်လာကြည့်တာပါဗျ"

" ဟုတ်ကဲ့ ရုံးသွားဖို့ပြင်ရအုန်းမှာမို့ ခွင့်ပြုပါအုန်း"

ဘယ်လိုပဲဖြစ်နေနေ  ကိုယ့်ဒုက္ခတွေရှိနေသေးတဲ့အတွက်အလုပ်ကတော့ လုပ်ပေးနေရအုန်းမှာပဲလေ ဖြစ်ခဲ့သမျှခနမေ့ထားပြီး အလုပ်သွားဖို့သာ အာရုံစိုက်ပြင်ဆင်နေရတော့သည် ထွေးငယ်ပြင်ဆင်ပြီးအောက်ဆင်းလာတော့ ထိုသူကခုထိမပြန်သေးပါ

" ထွေးငယ်ရုံးသွားတော့မလို့လား ကျွန်တော်လိုက်ပို့ပေးမယ်နော်"

" ရပါတယ် လိုင်းကားနဲ့ပဲသွားလိုက်ပါမယ်"

" မဟုတ်တာ ထွေးငယ်ကလည်း ကျွန်တော်လည်းအဲ့ဘက်လမ်းကြုံနေတာပဲကို ဘာလို့အပင်ပန်းခံလိုင်းကားစီးမှာလဲ ကျွန်တော်ပဲလိုက်ပို့ပေးပါရစေဗျာ"

" အေးလေ ထွေးငယ်ရယ် လိုက်ပို့ပေးပါမယ်ဆိုတာကိုငြင်းနေတာကြည့်အုန်း အားနာစရာကောင်းလိုက်တာ သွားလိုက်သွားချည်"

" ဟုတ်ကဲ့ပါ"

ဒီလိုနဲ့ ရုံးကိုသူနဲ့တူတူသွားဖို့သာဖြစ်လာရသည် ကားပေါ်ရောက်တော့

" ထွေးငယ် ဒီမှာလုပ်ရတာအဆင်ပြေရဲ့လား ကျွန်တော့ရုံးမှာလာလုပ်ပါလားဗျ ကျွန်တော်လစာလည်းဒီမှာထက်ပိုပေးပါ့မယ် သွားဖို့လာဖို့ရုံးကားလည်းစီစဉ်ပေးလိူ့ရတယ်လေ "

မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါWhere stories live. Discover now