Part 14

3K 121 8
                                    

အခုဆို ထွေးငယ်ကတော့ ရွာမှာလယ်စိုက်ရင်းနဲ့ပဲဘအေးအေးချမ်းချမ်းနေဖြစ်သည် မောင့်ကိုလည်းသတိရနေရင်းနဲ့ပဲပေါ့ အန်တီဟာလည်းသူ့ကိုသမီးအရင်းတစ်ယောက်လိုဂရုစိုက်ပေးသည်လေ သူ့ဘဝကမောင်နဲ့အတူမရှိရတော့တာကလွဲရင် အရာအားလုံးအေးချမ်းနေပါပြီ

" ဝေါ့ အော့ အော့ အဟွတ်"

" ထွေးငယ် ဘာဖြစ်နေတာလဲ နေမကောင်းဘူးလား"

" ဟုတ်အန်တီ ဒီရက်ပိုင်းခေါင်းတွေမူးပြီး အန်ချင်နေတာ ဘာမှလည်းစားလို့မဝင်နဲ့ဟူးး"

အန်တီဟာသူ့ကိုထူးဆန်းစွာ ခေတ္တကြည့်နေပြီး

" သမီး နင်ရာသီရော ပုံမှန်လာလား"

" ဟင် ဟို နှစ်လလောက်တော့မလာဘူးထင်တယ် ထွေးငယ်သိပ်သတိမထားမိလိုက်ဘူး"

ဒီလိုနဲ့နှစ်ယောက်သားမျက်လုံးချင်းဆုံကြည့်နေမိရင်း

" နင်မြို့ပေါ်ကဆေးရုံမှာဆေးသွားစစ်လိုက်ထွေးငယ် ရွာမှာဆို တခုခုဆို သိဖို့မသင့်တော်သေးဘူး"

" ဟုတ် ဟုတ်ကဲ့အန်တီ"

ဒီလိုနဲ့ထွေးငယ်လည်း မြို့ပေါ်တက်ပြီးဆေးခန်းလာပြဖြစ်သည်

" သမီးမှာ ကိုယ်ဝန် ၅ ပတ်ရှိနေပြီ"

" ရှင် ဟို မ မဖြစ်နိုင်တာ သမီး သမီးယောက်ျားတစ်ယောက်နဲ့ တခါမှအတူမနေဖူးဘူးဆရာမ"

" သမီးဘာကိုပြောတာလဲ"

" ဟို သမီး မိန်းခလေးနဲ့တော့အတူနေဖူးပါတယ် ယောက်ျားတစ်ယောက်နဲ့အတူမနေဖူးဘူး ဆရာမ"

" ဒါဆိုအသေးစိတ်သိရအောင် သေချာဆေးစစ်ကြည့်ရအောင်"

" ဟုတ်ကဲ့ဆရာမ"

သေချာစစ်ကြည့်လိုက်တဲ့အခါမှာတော့

" သမီးနဲ့အတူနေတဲ့ မိန်းကလေးက ကျားဟော်မုန်းထက်အရမ်းများလို့ ခုလိုအတူနေချိန်မှာ ကိုယ်ဝန်ရှိလာတာ"

" ရှင် ဟုတ်ဟုတ်"

ရုတ်တရက်မထင်မှတ်ထားတဲ့အချိန်မှာရောက်လာတာမို့ အံ့ဩမိပေမယ့် ထွေးငယ်ပျော်ပါသည် အနည်းဆုံးတော့သူ့ဗိုက်ထဲမှာ မောင့်ရဲ့ကိုယ်ပွါးလေးရှိနေပြီလေ သူ့ဗိုက်လေးကိုကိုင်ကြည့်ရင်း

မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါWhere stories live. Discover now