" မောင် ခုဘယ်ကိုသွားနေတာလဲ"
" မောင့်မေမေနဲ့အမနဲ့တွေ့ပေးမလို့လေ"
" ဟင် မောင် ထွေးထွေးငယ် မတွေ့ရဲဘူးမောင် ထွေးငယ်ကြောက်တယ်"
မောင်ဟာလက်တဖက်နဲ့ထွေးငယ်လက်ကိုဆုပ်ကိုင်ရင်း
" ဘာမှမကြောက်နဲ့ မောင်တစ်ယောက်လုံးရှိတယ်လေနော် မောင့်မေမေကိုယ်တိုင်ကိုက ထွေးငယ်ကိုပြန်ရှာပြီး လက်ထပ်ယူခိုင်းထားတာ မောင့်မမကလည်း မောင်နဲ့မေမေ့သဘောပါပဲ ဘာမှမပူနဲ့နော်"
" ဒါပေမယ့် ဟိုခုကထွေးငယ်က ဘာမှသေချာမပြင်ဆင်ရသေးဘူးလေ လက်ဆောင်လေးတခုခုတော့ဝယ်သွားသင့်တယ်ထင်တယ်"
" အဟင်းး မလိုပါဘူးဆို ထွေးငယ်ကလည်း ဘာမှပူမနေနဲ့နော်"
" ဟုတ်ကဲ့"
" ဟင်း ချစ်ဖို့ကောင်းလိုက်တာ"
မောင်ကပြောတော့ထွေးငယ်ရှက်ပြုံးသာပြုံးလိုက်မိသည်
" ဒါနဲ့လေ ထွေးငယ်က ခုနကဆေးရုံကိုဘာလာလုပ်တာလဲဟင် ထွေးငယ်နေမကောင်းလို့လား"
" ဟို ထွေးငယ် နေမကောင်းလို့တော့မဟုတ်ပါဘူး"" ဒါဆို ဘာလို့လဲ ထွေးငယ်ရဲ့"
" ဟို အဲ့ အဲ့တာကလေ ဟို"
" ထွေးငယ် ဘာလို့တွန့်ဆုတ်နေတာလဲ မောင့်ကိုမယုံသေးလို့လား"
" အဲ့လိုမဟုတ်ပါဘူး မောင့်ကိုယုံပါတယ်"
" ဒါဆိုပြောပြလေ"
" တကယ်တော့ ထွေးငယ်မှာလေ မောင် မောင်နဲ့ရတဲ့ကိုယ်ဝန်ရှိနေပြီ"
" ဟင်"
မောင်လည်း ကြားကြားချင်းကားကိုဘေးကပ်ထိုးရပ်ပစ်လိုက်မိသည်
" ကိုယ် ကိုယ်ဝန် ဟုတ်လား မောင်နဲ့ရတဲ့ကိုယ်ဝန်ဟုတ်လား"
" ဟုတ် ဟုတ်ပါတယ် မောင်နဲ့ရတဲ့ကိုယ်ဝန်ပါ ထွေးငယ်မောင်တစ်ယောက်နဲ့ပဲအတူနေဖူးတာပါ ဟိုဆရာဝန်ဆေးစစ်ချက်လည်းရှိပါတယ် မောင်က ကျားဟောမုန်းဓာတ်များလို့ ကိုယ်ဝန်ရတာပါ မောင်မယုံရက် ဆရာဝန်ကိိုသေချာမေးကြည့်လို့ရ..."
YOU ARE READING
မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါ
Romanceအထွေးအပေါ်မှားခဲ့တဲ့အမှားတွေအတွက်မောင့်အချစ်တွေနဲ့ပြန်လည်ကုစားပေးခွင့်ပြုပါ *အမရာမောင်* မောင့်အချစ်ကိုမမျှော်လင့်ရဲပေမယ့် မောင့်ကိုချစ်လို့အရာအားလုံးပေးဆပ်ရဲပါတယ်မောင် *ထွေးငယ်*