Part 11

2.5K 106 12
                                    

မောင့်ရဲ့ စေ့စပ်ပွဲပြီးတည်းက မောင်နဲ့စေ့စပ်ထားတဲ့ ထိုကောင်လေးဟာရုံးကိုအမြဲအဝင်အထွက်ရှိလာသည် နေ့လည်စာတူတူထွက်စားကြသလို ရုံးသွားရုံးပြန်လည်းတူတူသွားကြပြန်ကြသည်လေ ရုံူကသူတွေဟာလည်းအရမ်းကိုသဘောကျနေကြသည်လေသူဌေးတို့စုံတွဲကို သဘောမကျတာဆိုလို့ ထွေးငယ်တစ်ယောက်သာရှိလိမ့်မည်ထင်ပါ့ သို့သော်လည်းဘာမျှမတတ်နိုင်ပါဘူးလေထွေးငယ်ဆိုတာ အကြွေးတွေကြောင့်ဒီမှာအလုပ်လုပ်နေရပြီးဘာဆိုဘာမှမဟုတ်တဲ့သူလေ သိမ်ငယ်စိတ်နဲ့ကြည့်နေရုံကလွဲရင် မတတ်နိုင်သူပါလေ ထိုချိန်မောင်ဟာ ထွေးငယ်စားပွဲနာရောက်လာပြီး

" ဒီနေ့ ညနေရုံးမဆင်းနဲ့အုန်း"

" ရှင် အာဟုတ် ဟုတ်ကဲ့ပါသူဌေး"

ရုံးမဆင်းခိုင်းပဲ နေခဲ့ခိုင်းရတဲ့အကြောင်းရင်းကတော့ မောင့်အလိုဆန္ဒကိုဖြည့်ဆည်းပေးဖို့သာ မောင်ဟာအမြဲလိုလို ရုံးခန်းထဲမှာအတူနေဖို့ အတင်းအကြပ်လုပ်လာလေ့ရှိသည် ထွေးငယ်လည်းအစကတော့ရှက်ပြီးကြောက်ကာငြင်းပေမယ့် ကြာတော့လည်းမောင့်ဆန္ဒကိုမငြင်းဆန်နိုင်တော့ပါလေ မောင့်ကိုအရမ်းချစ်ရသည်ကြောင့် လိုက်လျောမိသည် ဒီလိုအတူရှိနေချိန်လေးကပင် မောင့်အချစ်ကိုရနိုင်မလားဆိုပြီး အရူးတစ်ယောက်လိုလည်းမျှော်လင့်မိသေးသည်လေ မောင်ကတော့သူလိုအင်ဆန္ဒပြည့်ပြီးသွားတာနဲ့ပိုက်ဆံသာပေးခဲ့ပြီး စကားတခွန်းတလေမျှပြန်ပြောခဲ့ခြင်းမရှိပါ မောင့်အတွက်တော့ထွေးငယ်ဟာပိုက်ဆံပေးပြီးနေပေးရတဲ့ သာမန်ပြည့်တန်ဆာအဆင့်သာသာပါလေ ဒီလိုနဲ့ထွေးငယ်လည်း ရုံးမှာနေခဲ့ပြီး မောင်နဲ့အတူရှိနေခဲ့ပြီးမောင့်ဆန္ဒတွေပြည့်ဝကာ မောင်အပြင်ပြန်ထွက်သွားတဲ့အချိန်မှာ နာရီကြည့်မိတော့ ၈ နာရီတောင်ထိုးနေပြီလေ ထွေးငယ်လည်းပြန်ဖို့ပြင်ဆင်ကာ အောက်ရောက်လာတော့ အောက်မှာမောင်နဲ့အတူထိုကောင်လေးနဲ့ဟာစကားတွေပြောပြီး ပြုံးနေကြသည်လေ

" ကလင် ကလင်"

" ဟယ်လို အန်တီ"

" အေး နင်ခုထိပြန်မလာသေးဘူးလား ငါညစာစားမလို့အိမ်မှာဘာမှမရှိဘူး ခုချိန်ထိဘယ်မှာအလေလိုက်နေတာလဲဟမ်"

မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါWhere stories live. Discover now