" လင်းထက်မောင်!!!"
အော်သံကြားတာနဲ့ ၃ နှစ်အရွယ်ရှိတဲ့ သားဖြစ်သူဟာ သူ့မာမီဆီပြေးကာ ကျောနောက်မှာသွားပုန်းနေတော့သည်
" သား မေမေအော်နေပြီ သားဘာလုပ်ထားလဲ"
" ဟင့်အင်း ဘာမှလုပ်ဖူး"
" ဘာမှမလုပ်ပဲ အော်မလားသားရ"
" လင်းထက်မောင် မင်းမာမီနောက်မှာပုန်းမနေနဲ့ ခုထွက်ခဲ့စမ်း"
" ဟင့်အင်း မာမီ ဟင့် ဟင့်"
" ထွေးငယ်ရယ် သားကဘာတွေလုပ်ထားလို့လဲ မောင့်ကိုပြောအုန်း"
" ဘာလုပ်ရမလဲ အခန်းထဲက ထွေးငယ်နှုတ်ခမ်းနီတွေကိုချိုးပြီး သူ့စာအုပ်မှာရောင်စုံတွေချယ်ထားတယ်"
" ဟင် ဟုတ်လားသားသား ဘာလို့အဲ့လိုတွေလုပ်ရတာလဲ"
" ဟင့် ဟိုတားတား ရောင်စုံထဲမှာ အနီယေးက ကျောက်နေယိူ့ ဟင့် ဟင့်"
" အို မငိုနဲ့နော် သား အနီရောင်မရှိရင်လည်းမဋမီ့ကိုလာပြောလေ မာမီအသစ်ဝယ်ပေးမှာပေါ့ ခုတော့မေမေ့နှုတ်ခမ်းနီတွေကိုလုပ်တော့ မေမေစိတ်ဆိုးနေပြီလေ"
" လင်းထက်မောင် ခုထွက်ခဲ့နော် မေမေခေါ်နေတယ်လေ"
ထိုခါမှ သားဖြစ်သူဟာ မျက်ရည်လေးဝဲဝဲနဲ့ရှေ့ကိုထွက်လာသည်
" သားခုပစ္စည်းတွေကိုဖျက်စီးထားတယ်နော် သားမှာအပြစ်ရှိလား မရှိဘူးလား"
" ရှိပါတယ် ဟင့်"
" အာ့ဆို သားအပြစ်ကိုသားခံရမယ်နော်"
" ဟင့် မေမေကယဲ တားတားက မတိလိုက်လို့ပါ ဟင့် နောက်လုပ်တော့ဘူးရေနော် တားတားကိုအပြစ်ပေးနဲ့လေနော် မေမေ နော် တားတား အာဘွားပေးမယ်လေ မွ မွ"
ဟုပြောရင်း ပေါင်ပေါ်တက်လာကာ နမ်းနေတော့သည် သားဟာထိုသို့လည်တဲ့အပြင် ချွဲပါချွဲတတ်သေးတာကြောင့် တအိမ်လုံး တမျိုးလုံးကတုန်နေအောင်ချစ်ကြတာပါလေ
" အဟင်း ပြီးရောနော် နောက်တခါဆိုမေမေကအပြစ်ပေးမှာနော် ကြားလား"
" ဟုတ်ကဲ့မေမေ အာ့ကြောင့်မေမေ့ကိုများကြီးချစ်တာ"
" ဟော ဒါဆို မာမီ့ကိုရော"
YOU ARE READING
မောင့်ရင်ခွင်မှာ ခိုနားခွင့်ပြုပါ
Romanceအထွေးအပေါ်မှားခဲ့တဲ့အမှားတွေအတွက်မောင့်အချစ်တွေနဲ့ပြန်လည်ကုစားပေးခွင့်ပြုပါ *အမရာမောင်* မောင့်အချစ်ကိုမမျှော်လင့်ရဲပေမယ့် မောင့်ကိုချစ်လို့အရာအားလုံးပေးဆပ်ရဲပါတယ်မောင် *ထွေးငယ်*