🖤 (part-2)

6.5K 91 2
                                        

Uni

တစ်ရက်အိမ့်သူ ကလေးတွေကိုစာသင်ပြီးလို့ အိမ်ကိုအပြန်

အိမ်ရှေ့မှာကားအနက်ရောင်၃စီးကိုတွေ့လိုက်ရတော့ အိမ်မှာဘာဖြစ်တာပါလိမ့် ဆိုပြီး အိမ်ထဲကိုပြာပြာသလဲ ၀င်လာပြီး အိမ်ထဲကိုရောက်တော့

အဖေရယ် အမေရယ် ပြီးတော့ ဟိုနေ့ကတွေ့ခဲ့တဲ့လူကြီး.....

အမေတို့အိမ့်သူသူကို သူတို့နားလာထိုင်ဖို့ပြောတော့အိမ့်သူလည်းအဲ့ဒီနားကိုသွားထိုင်လိုက်ပြီး သူတို့ပြော‌ေနတဲ့စကားဝိုင်းကပြန်လည်အသက်၀င်လာတယ်

"အဲ့ဒီကိစ္စကိုအန်ကယ် ဘယ်လိုလုပ်ချင်လဲ"

"အန်ကယ်ကတော့ မင်းကိုပဲကြည့်ကြပ်စီစဉ်စေချင်တယ် အန်ကယ်လည်း သိပ်မကျွမ်းကျင်တဲ့အပိုင်းမလို့မင်းလက်ကိုပဲအပ်ပါရစေ"

"ဟုတ်ကဲ့ ကျွန်တော့်ကိုစိတ်မပျက်စေရပါဘူး"

"အဲ့တာဆိုမောင်ဘုန်းထက် ဒီအချို‌ရည်လေးသုံးဆောင်ပါဦး"

"ဟုတ်ကဲ့ပါအန်တီ"

မေမေ့ကိုလှမ်းပြောပြီးတဲ့နောက်မှာအအေးခွက်ကိုကိုင်ရင်း အိမ့်သူသူ‌ဆီသို့ထိုလူကြီးအကြည့်ကရောက်ရှိလာခဲ့သည်

အိမ့်သူသူလည်းဟို‌တနေ့က တည်းကအကြည်ဓာတ်ပျောက်ဆုံးနေတဲ့ထိုလူကြီးကိုကြည့်မရတာကြောင့် မျက်စောင်းထိုးလိုက်တယ်

ထိုသူကမျက်ခုံးပင့်ပြီး တစ်ချက်ရယ်လိုက်ကာ
"အန်ကယ့်သမီးထင်တယ်"

"ဟုတ်တယ် ဒါအန်ကယ့်သမီး အန်ကယ်ဒီကိစ္စတွေလုပ်တာသူတို့မောင်နှမနှစ်ယောက်အတွက်ပဲ"

"အော် သား‌တစ်ယောက်ထပ်ရှိသေးတာလား"

"ဟုတ်တယ် သူကတော့ အခု‌ကျောင်းတက်နေတယ်"

"သမီးကတော့ ကလေးတွေကိုကျူရှင်သင်ပေးတယ် နာမည်ကတော့အိမ့်သူသူမောင်တဲ့"

အိမ့်သူကိုမေမေကမိတ်ဆက်ပေးလိုက်တယ်

"‌တွေ့ရတာ၀မ်းသာပါတယ် အိမ့်"
ဘုန်းထက်မြတ်သော်ဆို‌တဲ့လူကြီးကလက်ဆွဲနှုတ်ဆက်ရန်လက်ကိုကမ်းပေးသော်လည်း

He Changed For Love🖤 (ongoing)Where stories live. Discover now