Uni ver
"မင်းကိုငါလွှတ်လိုက်လို့ပြောထားတယ်မလား မင်းကပါးစပ်နဲ့ပြောရင်နားမလည်တဲ့ကောင်ဆိုတော့ ငါ့လက်ကစကားသံကိုနားထောင်လိုက်တော့ "
ဘုန်းထက်မြတ်သော်ရဲ့လက်သီးချက်တွေကြားမှာ လူးလိမ့်ခံနေရတဲ့သူငယ်ချင်းဖြစ်သူကို အပေါင်းဖော်တွေကကြောင်ကြည့်နေချိန် ရန်နိုင်တို့ရဲ့ ၀င်ရောက်တိုက်ခိုက်မှုမှာမျောပါသွားရပြန်သည်
ခွပ် ခွပ် ခွပ်....
လက်သီးသံများနဲ့အတူ ထိုကောင်လေးရဲ့တောင်းပန်သံတွေကိုလည်းဆက်တိုက်ပင်ကြားနေရသည်
အိမ့်သူလည်း အလန့်တကြားဖြစ်ကာ ဒေါသကလည်းထွက်နေတာမလို့ မတားပဲရပ်ကြည့်နေမိသည်
ခဏကြာမှ အသိ၀င်ကာ
"အကို တော်တော့"
ဘုန်းထက်မြတ်သော်လည်း သူ့ကိုလှန်းပြောလိုက်တဲ့ အိမ့်သူကိုကြည့်ကာခေါင်းတစ်ချက်ငြိမ့်လိုက်ပြီး သူချစ်ရတဲ့ကောင်မလေးဆီကို ခြေလှမ်းခပ်ကျဲကျဲနဲ့လျှောက်သွားလိုက်တော့တယ်
ဘုန်းထက်မြတ်သော်အနားရောက်သွားတော့ ပွေ့ဖက်မလို့လုပ်လိုက်ပေမယ့် ချက်ချင်းပင်ရှောင်ကာ သူ့ရဲ့စကူဘီလေးဆီပြေးသွားတာမလို့လက်ရှက်သွားရသည်
"အကို ဘာရပ်ကြည့်နေတာလဲ လာကူဦးလေ"
"အော် ဟုတ်ပါပြီဗျာ"
"အိမ့်အဲ့စကူဘီကို ရန်နိုင်တို့ပြင်ဆိုင်ပို့ထားလိမ့်မယ် ထားခဲ့လိုက်ပါ အိမ့် ကိုကျွန်တော်လိုက်ပို့ ပေးပါမယ်ဗျာ"
"အမ်းးးးး"
"စဉ်းစားမနေပါနဲ့ လာပါကားပေါ်တက်နှင့် ကျွန်တော် ရန်နိုင့်ကိုနည်းနည်းစကားပြောလိုက်ဦးမယ်လေ"
"ဟုတ်ပြီလေ"
အိမ့်သူကားပေါ်တက်သွားမှ ဘုန်းထက်မြတ်သော်လည်း ရန်နိုင်တို့နားရောက်လာကာ
"Bossဒီမှာ ဟိုကောင်လေးတွေ ကျွန်တော်ဘယ်လိုလုပ်လိုက်ရမလဲ"
"ဆေးရုံလိုက်ပို့ပေးလိုက်အကုန်လုံးကို အိမ့်ကိုပို့ပြီးရင်ငါလိုက်လာခဲ့မယ် ဒီနားကိုသန့်ရှင်းဖို့လူလွှတ်ထားလိုက် အော်ပြီးတော့ အိမ့်ရဲ့ စကူဘီကိုပြင်ဆိုင်ပို့လိုက်ဦး"
YOU ARE READING
He Changed For Love🖤 (ongoing)
RomanceUni ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်းကြမ်းလေးဖတ်ချင်ရင်တော့ဖတ်ကြည့်လိုက်တော့နော် ဘုန်းထက်မြတ်သော်+အိမ့်သူသူမောင် Start date-22/7/2024 Zawgyi+Uni Normal fic OC Zawgyi ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်...
