🖤(part-16)

2.9K 43 0
                                        

"ဟယ်လိုကိုဘုန်းထက်မြတ် ဒီနေ့ အလုပ်ရှုပ်နေလား"

"ပုံမှန်ပါပဲ ဘာလို့လဲအိမ့်"

"ပြောစရာရှိလို့အပြင်မှာတွေ့ရအောင်"

"အော် ကျွန်တော်လာခေါ်မယ်လေ"

"ဟုတ်ပြီလေ "

...........

"အိမ့်ကျွန်တော့်ကိုပြောစရာရှိတယ်ဆို"

ရုတ်တရပ်ဖုန်းခေါ်ဆိုမှုကြောင့် ဘုန်းထက်မြတ်သော် အိမ်အရောက်သွားခေါ်လာကာ ကားပေါ်တွင်လည်းမည်သည့်စကားမျှမပြော ကော်ဖီဆိုင်တွင်လည်းကော်ဖီခွက်ကိုကြည့်ကာ အတွေးများနေတဲ့ပုံပေါက်တာကြောင့် စကားကိုအရင်စလိုက်မိတယ်

"အော် ဟိုတစ်ခါက အဖြေတောင်းထားတာလေ"

"အွန်း"

"အဲ့တာစဉ်းစားပြီးပြီ"

ဘုန်းထက်မြတ်သော်လည်းခြေလက်တွေ ရုတ်တရပ်အေးလာကာ အိမ့်သူရဲ့နှုတ်ခမ်းဖျားက‌ထွက်မယ့်အဖြေကိုစိတ်၀င်တစားနဲ့ စောင့်နေမိတာပေါ့

"ကျွန်မလည်းရှင့်ကိုချစ်တယ်"

"ဗျာ"

မျက်နှာကြီးတစ်ခုလုံးအပြုံးပန်းဆင်ကာ ၀င်းလဲ့တောက်ပလာတာမလို့ အိမ့်သူလည်း သဘောကျစွာပြုံးလိုက်မိတယ်

မေမေနဲ့စကားပြောဖြစ်တဲ့နေ့က မေမေ့ရဲ့‌ဆုံးမမှုတွေကြောင့်ရော အမတွေရဲ့ပြောပြမှုတွေကြောင့်ရော အိမ့်သူဒီ လူကြီးကို လက်မလွှတ်ချင်ပေ
လူကြီးလူကောင်းဆန်တဲ့လူကြီး၊အရည်အချင်းရှိတဲ့လူကြီးကို ကိုယ့်ရဲ့ ချစ်သူရည်းစားအဖြစ်အိမ့်သူရွေးချယ်လိုက်တာမှားမည်ဟုတော့မထင်ပေ

"အိမ့်အဲ့တာဆိုကိုယ်တို့ကချစ်သူတွေဖြစ်သွားပြီပေါ့နော်"

"ဟုတ်တယ်လေ"

"ဒီနေ့ကစပြီးတစ်ရက်ပေါ့နော်"

ကိုရီးယားကားထဲက စာသားတွေနဲ့ပြောလာတာကြောင့်ဒီလူပျိုကြီး အချစ်ကားတွေလည်းကြည့်တာပဲလားလို့တောင်တွေးမိကာ ရယ်မိသွားပြန်တယ်
💓💓💓💓💓💓💓

ဘုန်းထက်မြတ်သော်လည်းရည်းစားလေးတစ်ယောက်‌ရပြီးသွားတဲ့နောက်ပိုင်းမှာတော့ အကြို့အပို့ကိုနေ့တိုင်းလုပ်ပေးဖြစ်တယ် အိမ့်ရဲ့တစ်ဦးတည်းသော ကားမောင်းသမားလေးတဖြစ်ပေါ့

He Changed For Love🖤 (ongoing)Where stories live. Discover now