ခဏတာရပ်တန့်သွားတဲ့စကားဝိုင်းလေးကို
"အော် အန်ကယ် ကျွန်တော်ကအန်ကယ့်ကိုလာတွေ့တာ အဲ့တာ အိမ့်ကိုမေးကြည့်နေတာ"
"အော် အဲ့တာဆိုလည်းလာလေကွာ အိမ်ထဲ၀င် အိမ်ထဲမှာအေးဆေးပြောကြတာပေါ့"
အိမ်ထဲရောက်တော့
"မောင်ဘုန်းထက်မြတ် နေ့လယ်စာစားပြီးပြီလား"
"မစားရသေးဘူး အန်ကယ် လောလောနဲ့ထွက်လာတာ"
"အဲ့တာဆိုအတော်ပဲလေ တစ်ခါတည်း၀င်စားလိုက် သမီး ထမင်းထပ်ခူးလိုက်ပါဦး "
"ဒီမှာ ကျွန်တော်၀ယ်လာတာ အိမ့်ကောတခါတည်းစားလေ"
"ညီမက စားပြီးပြီ ပေးလေ ဟင်းတွေ ထည့်ပေးမယ်"
"ဟင်"
မျက်ခုံးပင့်ကာပြုံးပြလိုက်ပြီးဘုန်းထက်မြတ်သော်လက်ထဲကဟင်းဗူးတွေကိုယူကာမီးဖိုချောင်ထဲကို၀င်သွားတော့သည်
"ကဲ ထိုင်ဦး သူ့အမေချက်သွားတဲ့ ပြည်ကြီးငါးဟင်းပဲရှိလို့ ကြက်ဥကြော်နဲ့နှစ်ပါးသွားရတော့မလို့"
"ဒါနဲ့ ဦးလေးတို့က စာရေးကိရိယာဆိုင်ဖွင့်ထားသေးတယ်မလား"
"အေး ဟုတ်တယ် အဲ့တာကတော့ငါ့မိန်းမ စိတ်ချမ်းသာအောင်ဖွင့်ထားတာကွ"
"အော် ကောင်းပါတယ်ဗျာ ကိုချစ်တဲ့သူကိုစိတ်ချမ်းသာအောင်ထားရတာ"
"ကဲ ရပါပြီ ဒီမှာ ထမင်းပန်းကန်ယူဦးလေ"
"မနိုင်မနင်းတွေသယ်လာပြီးတော့"
ပန်းကန်ယူရင်းတိုးတိုးလေးပြောလိုက် ပေမယ့်ကြားဖြစ်အောင်ကြားလိုက်သေးတဲ့ ကလေးမဆီက မျက်စောင်ထိုးတာခံလိုက်ရသည်
ရော့ဒီမှာဖေဖေ့ အကြိုက်တွေကြည့်ပဲ
"၀က်နံရိုး ရယ် ငါးရှဉ့်ခြောက်စပ်ရယ် "
"မောင်ဘုန်းထက်မြတ်ကိုကျေးဇူးတင်တယ်ကွာ ကဲစားရအောင် သမီးကော စားဦးမလား"
"တော်ပြီ စောနက ပြည်ကြီးငါးနဲ့စားပြီးပြီ အေးဆေးစားကြဦးနော်"
"ဘယ်သွားမလို့လဲ"
"ဇာတ်ကားကြည့်မလို့လေ အေးဆေးစကားပြောရင်းစားကြပါ ပြီးပန်းကန်တွေထားခဲ့လိုက်နော်"
YOU ARE READING
He Changed For Love🖤 (ongoing)
RomanceUni ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်းကြမ်းလေးဖတ်ချင်ရင်တော့ဖတ်ကြည့်လိုက်တော့နော် ဘုန်းထက်မြတ်သော်+အိမ့်သူသူမောင် Start date-22/7/2024 Zawgyi+Uni Normal fic OC Zawgyi ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်...
