"ဘုန်းထက်မြတ်သော် မင်းပြင်ဦးလွင်ဘက်ကို ခဏသွားရမယ် အဲ့ဘက်ကလူတွေရဲ့အခြေအနေတွေက သိပ်မူမှန်မနေဘူး အဲ့တာသွားကြည့်ကြပ်လိုက်"
"ဗျာ"
"ကျွန်တော်ရန်နိုင့်ကိုလွှတ်လိုက်မယ်လေ"
"အဲ့လိုပဲလုပ်မယ်ဆို ငါအစကတည်းကမင်းကိုမသွားခိုင်းဘူး ငါ့မှာလည်းလူတွေအများကြီးရှိတယ် နောက်ပိုင်း ဒီအလုပ်တွေနဲ့ပတ်သတ်ရမှာမင်းတစ်ယောက်ပဲရှိလို့ငါလုပ်ခိုင်းနေတာ"
အဖေ့ရဲ့ ဒေါသသံတွေကိုဘုန်းထက်မြတ်သော်မလွန်ဆန်ချင်တာကြောင့် ဒီအလုပ်ကိုလည်းဘုန်းထက်မြတ်သော်လက်ခံရပြန်တယ်
"ဟုတ်ကဲ့ပါအဖေ"
.........
"ရန်နိုင် ကော်ဖီဆိုင်နဲ့ company ကိုမင်းတစ်ချက်ကြည့်ထားပေး ငါအလုပ်ကိစ္စနဲ့ပြင်ဦးလွင်ဘက်သွားစရာရှိလို့ အဲ့အတွက်လည်းကားစီစဉ်ထား ငါမနက်ဖြန်သွားမယ်"
"ဟုတ်boss"
ဘုန်းထက်မြတ်သော်လည်း ပြင်ဦးလွင်ဘက်ကိုသွားဖို့ ပြင်ဆင်ရတော့တယ် အိမ့်သူကိုပြောပြချင်ပေမယ့် ဘယ်အကြောင်းပြချက်နဲ့ပြောသွားရမလဲဆိုတာပင်မသိချေ
တစ်ညလုံးလည်းကောင်းစွာပင်အိပ်မပျော်နိုင် ဟိုလှိမ့်ဒီလှိမ့်နဲ့ပင် တစ်ရေးရသွားပြန်သည်
မနက်၃နာရီ
ဒေါက် ဒေါက် ဒေါက်
"သားရေ ကားရောက်နေပြီနော်"
အိပ်ပျော်သွားလိုက်တာ သွားဖို့ကားရောက်လာမယ့်အချိန်ရောက်လာမှပင်နိုးလာတော့သည်
"ဟုတ် အန်တီ"
ဘုန်းထက်မြတ်သော်လည်း အ၀တ်ထည့်ထားတဲ့
Luggageကို ကားပေါ်တင်ခိုင်းလိုက်ပြီး တဲ့နောက် သူချစ်ရတဲ့ကောင်မလေးရှိတဲ့မြို့မှ ပြင်ဦးလွင်မြို့သို့ ကားမောင်းကာထွက်ခွာလာခဲ့ရသည်
ပြင်ဦးလွင်ရဲ့တောင်တက်တောင်ကွေ့လမ်းများစွာပေါ်တွင် အလွမ်းများစွာနဲ့ကားလေးတစ်စီးကတစ်ရိပ်ရိပ် သွားနေခဲ့သည်။
...........
ညနေကတည်းကပြန်ရောက်ပြီဆိုတဲ့ စာတစ်ကြောင်းပဲ ပို့ထားကာ အရင်ကလိုပဲ တစ်ဖန်အေးစက်နေတဲ့ conversation ကိုကြည့်ကာအိမ့်သူ သက်ပြင်းချမိတော့သည်
YOU ARE READING
He Changed For Love🖤 (ongoing)
RomanceUni ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်းကြမ်းလေးဖတ်ချင်ရင်တော့ဖတ်ကြည့်လိုက်တော့နော် ဘုန်းထက်မြတ်သော်+အိမ့်သူသူမောင် Start date-22/7/2024 Zawgyi+Uni Normal fic OC Zawgyi ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်...
