ညစာစားပြီးတဲ့နောက်မှာတော့ ချစ်သူကောင်လေးဆီကပြန်စာလေးများရောက်နေမလားဆိုပြီး ဖုန်းကိုအလျှင်အမြန်ဖွင့်ကြည့်သော်လည်းမည်သည့်ပြန်စာမှပင်မတွေ့ရတာကြောင့် ပြန်မရောက်သေးတာများလား လမ်းမှာတစ်ခုခုဖြသ်တာများလားဟု အစရှိသည့်အတွေးတွေ၀င်နေခဲ့ရသည်
အချိန်အားဖြင့်ည 12 နာရီ
အိမ့်သူလည်း ဘုန်းထက်မြတ်သော်ရဲ့စာကိုစောင့်ရင်း ဇာတ်ကားကြည့်တာ အိပ်ချိန်ပင်ကျော်လွန်နေပြီ
"တော်ပြီဟာ အိပ်ချင်လာပြီ စာပြန်ချင်ပြန်မပြန်ချင်နေ"
စိုးရိမ်စိတ်မှ စိတ်ဆိုးမှုတစ်ဆင့်သို့ပါရောက်သွားရလေသည်
................
အိပ်ယာကနိုးနိုးချင်းပင်ဘုန်းထက်မြတ်သော်စာပို့ထားမလားဆိုသည့်စိတ်ဖြင့် ဖုန်းကို ဖွင့်ကြည့်တော့ စာလေးတစ်ကြောင်း
*Good morning ကလေးလေး*
တစ်ညလုံးစောင့်ရင်းစာတွေပို့ထားတာကိုတောင်ဒီစာတစ်ကြောင်းပဲတွေ့ရတာကြောင့်
စိတ်ထဲတွင်တော့ ကျိန်ဆဲပြီးနေပြီဖြစ်သည်
အိမ့်သူလည်း စာပြန်မနေတော့ပဲ ဖုန်းကိုဘေးချကာ တစ်နေ့တာအတွက်ပြင်ဆင်စရာရှိတာတွေကိုစတင်ပြင်ဆင်ပါတော့တယ်
ပုံမှန်ဆိုရင်မနက်စောစော၆နာရီထနေကျပေမယ့် မနေ့ညကညနက်သွားတာကြောင့်၇နာရီမှနိုးတယ်
အဲ့တော့လေ့ကျင့်ခန်းမလုပ်တော့ပဲ အကြောလျှော့ကာ ရေချိုးလိုက်ရတော့တယ်
ရေချိုးလို့အပြီးမှာတော့ morning music playlistလေးကို YouTube ကနေရှာပြီး ဖွင့်လိုက်တယ်
သီချင်းသံအေးအေးလေးနဲ့အတူ Skincare လေးကိုသေချာလုပ် lotion လိမ်းပြီး တစ်ကိုယ်လုံး လန်းဆန်းမွှေးပျံ့သွားမှ အိမ်အောက်ထပ်ကိုဆင်းလာလိုက်တယ်
Self Love ကအရေးကြီးဆုံးပဲမလား
.............
ဘုန်းထက်မြတ်သော် တစ်ယောက် ခဏသာအိပ်လိုက်ရပြီးနောက်
ပစ်ထားမိအလုပ်တွေရော အဖေခိုင်းတာတွေကော အကုန်ဆက်လုပ်နေရတာပေါ့
အလုပ်တွေအပေါ်ကိုအချိန်တွေပေးထားမိတာ ဘာမှမဟုတ်ပဲ နေ့လယ်၁၂တောင်ကျော်သွားခဲ့တယ်
YOU ARE READING
He Changed For Love🖤 (ongoing)
RomanceUni ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်းကြမ်းလေးဖတ်ချင်ရင်တော့ဖတ်ကြည့်လိုက်တော့နော် ဘုန်းထက်မြတ်သော်+အိမ့်သူသူမောင် Start date-22/7/2024 Zawgyi+Uni Normal fic OC Zawgyi ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်...
