Uni
"မအိမ့်သူသူရေ ကျမ အမတော်ကိုစောင့်နေတာနာရီ၀က်ရှိနေပြီနော်"
"သူငယ်ချင်းကလည်း ဒီတစ်ခါလေးပဲငါ့ကိုစောင့်ရတာကို အရင်တုန်းကငါလည်းနင့်ကိုဒီ့ထက်တောင်စောင့်ရသေးတယ်"
"ဟုတ်ကဲ့ပါရှင့် အေးဆေးပြင်ပါရှင့် ကျမ စောင့်ပါ့မယ်"
အိမ့်သူသူမောင်တို့သူငယ်ချင်းနှစ်ယောက် အိမ့်သူ နားရက်လေးမှာshoppingထွက်ဖို့ပြင်ဆင်နေတဲ့အချိန်ကြားနေကျအသံတွေပဲဖြစ်ပါတယ်
သူငယ်ချင်းနှစ်ယောက် တစ်ယောက်တစ်လှည့်ဆီပြန်စောင့်နေရလို့ အပြစ်တင်သံလေးတွေနဲ့ တစ်ခန်းလုံးပြည့်နှက်နေတော့တယ်
တစ်နာရီခန့်ကြာပြီးသောနောက်
"အမယ် လှနေပါ့လား"
"အရင်ကတည်းကလှတာလေ နင့်သူငယ်ချင်းက"
"ဟုတ်ပါပြီအချိန်ကိုလည်းကြည့်ဦး"
"Shopping mallကြီးတစ်ခုလုံးကဆိုင်တွေဖွင့်ပါသေးတယ်သူငယ်ချင်းရယ် လာပါသွားမယ်"
ဆူပုတ်ပုတ်လုပ်နေတဲ့သူငယ်ချင်းကိုလက်ဆွဲခေါ်ကာအခန်းတံခါးပိတ်ပြီး အိမ့်သူတို့သူငယ်ချင်းနှစ်ယောက် Shopping mall ကြီးသို့ထွက်လာခဲ့တယ်
"မေမေသမီးတို့သွားတော့မယ်နော်"
"အေးအေးဂရုစိုက်သွားကြဦးနော်"
.........
ကားပေါ်တွင်
"အပြင်မှာပူလိုက်တာအေ တော်သေးတာပေါ့ငါ့သူငယ်ချင်း မြတ်လေးရဲ့ကားလေးပါပေလို့ပဲ"
"ကျေးဇူးတွေသိပြီပေါ့မအိမ့်"
"ဟဲဟဲ"
"နင့်ကောင်လေးနဲ့နင်နဲ့အခြေနေ"
"အဆင်ပြေပါတယ် ငါတို့ကလက်ထပ်ဖို့တောင်စဉ်းစားနေပြီ နင်ကတော့ ငါ့မဂ်လာဆောင်ကိုတစ်ယောက်ထဲတက်ရတော့မယ် ဟားဟား"
"စပြန်ပြီ နင်တို့ခေတ်ပဲယူကြပေါ့ ယူကြ"
"အမယ်ခေတ်တွေဘာတွေတောင်ပြောကုန်ပြီပေါ့ သူကလူကြီးကျလို့"
"ငါ့ကိုမစပါနဲ့တော့မြတ်ရယ်"
"သနားကမားရုပ်လေး မစတော့ပါဘူးအေ ဒီနေ့ဘာစားကြမလဲ"
YOU ARE READING
He Changed For Love🖤 (ongoing)
RomansUni ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်းကြမ်းလေးဖတ်ချင်ရင်တော့ဖတ်ကြည့်လိုက်တော့နော် ဘုန်းထက်မြတ်သော်+အိမ့်သူသူမောင် Start date-22/7/2024 Zawgyi+Uni Normal fic OC Zawgyi ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်...
