🖤 Part-6

3.6K 58 2
                                        

တစ်အောင့်အကြာမှာ ထမင်းဖြူနှစ်ပွဲ‌နဲ့ ဟင်းပွဲတွေကိုစားပွဲထိုးကောင်လေးကလာချပေးတယ်

အိမ့်သူလည်း စိတ်ကမကြည်သလိုဖြစ်‌ နေတာနဲ့မုန်ညှင်းကြော်ကိုသာထည့်ပြီးမစားချင်စားချင်စားနေတာကြောင့်

"ဘဲကင် မကြိုက်ဘူးလား အိမ့်က"

"ကြိုက်ပါတယ်"

အိမ့်သူလည်းသူ့ကိုကြည့်ပြီးဘဲကင်ထည့်ပေးဖို့ဟန်ပြင်ကာမေးလာတဲ့ ဘုန်းထက်ကို ပြန်ဖြေလိုက်တယ်

ဘုန်းထက်ကလည်းဘဲကင် တစ်ဖက်ကို အိမ့်သူပန်းကန်ထဲထည့်ပေးလာတယ်

"အိမ့် မကြိုက်လို့လား စားမကောင်းဘူးလားဗျ"

"မဟုတ်ပါဘူး ကျွန်မ သိပ်မဆာလို့ပါ"

"အဲ့တာဆို ပါဆယ်အသစ်ထပ် ဝယ်လိုက်မယ်လေ အိမ့် အိမ်ရောက်မှာ စားပေါ့"

"ရပါတယ် မ၀ယ်ပါနဲ့ ကိုဘုန်းထက်စားပါ ကျွန်မဖြေးဖြေးချင်းစားမှာမလို့လေ"

"ဟုတ်ပါပြီဗျာ ဒါနဲ့အန်တီတို့အတွက်ဘာမှာရမလဲဗျ"

"အာ ရတယ် ရတယ် မမှာနဲ့တော့ အားနာစရာတွေဖြစ်ကုန်မယ်"

"ရပါတယ်ဗျာ မှာလိုက်ပါ့မယ်"

"ရပါတယ်ဆို ကျွေးချင်ရင်နောက်နေ့မှ ထမင်းဖိတ်ကျွေးလိုက်"

အိမ့်သူလည်းအရမ်းရင်းနှီးတဲ့သူလည်းမဟုတ်ပဲနဲ့စကားတွေကိုလွှတ်ခနဲပြောမိနေပြီမလို့ ကိုယ့်ဘာသာကို ဘရိတ်ပြန်အုပ်လိုက်ရတယ်

.....................

စားပြီးသွားတဲ့နောက်မှာတော့ ဘုန်းထက်က အိမ့်သူကိုအိမ်ပြန်လိုက်ပို့ကာ ကားကိုမောင်းကာချက်ချင်းပင်ပြန်သွားပါတော့တယ်

"သမီးလေးပြန်ရောက်ပြီလား "

"ရောက်ပြီ မေမေ ဖေဖေကော"

"ပြန်မရောက်သေးပါဘူးအေ ဘယ်လိုလဲအဆင်ပြေခဲ့ရဲ့လား"

"ပြေပါတယ်အမေရယ် ကလေးလေးက နားကြားကိရိယာတပ်ထားရတာပြီးတော့ ကလေးကချစ်စရာလေး သမီးလည်းသင်ပေးလို့ပဲပြောလိုက်တယ် "

"ဘယ်မှာသင်မှာလဲသမီး"

"လမ်းထိပ်မယ် ကော်ဖီဆိုင်လေးရှိတယ်ပြောတယ် အဲ့မှာပဲသင်မှာမေမေရဲ့"

He Changed For Love🖤 (ongoing)Where stories live. Discover now