🖤(part-17)

1.5K 32 0
                                        

"ကိုကို"

"ဗျာ"

"ဘာမှမဟုတ်တော့ပါဘူး"

"ဟော ပြောပါဗျာ ဘာစားချင်လို့တုန်း ထပ်မှာပေးရဦးမလား "

"ဒါတောင်မကုန်လောက်ဘူး"

"မကုန်ရင်ကိုကိုစားလိုက်မှာပေါ့ စားနိုင်သလောက်ပဲစားကလေး"

ဒီနေ့ပထမဆုံးဒိတ်လေးကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနေတုန်း အရင်ကလူတွေကြောင့် အိမ့်စိတ်ရှုပ်မှာကိုမလိုလားတာပေ
အိမ့်လိုအပ်သည့်ပစ္စည်းများကို အတူတူလိုက်ကြည့်ပေးရပြီး ၀ယ်သမျှရှင်းပေးမည်ဟုပြောသော်လည်း လက်မခံသောကြောင့် ဘုန်းထက်မြတ်သော်ငြိမ်နေလိုက်ရသည်

စသိတဲ့အချိန်မှယခုအချိန်ထိဘုန်းထက်မြတ်သော် ချစ်ရတဲ့အိမ့်ရဲ့ အကျင့်လေးတစ်ခုကိုလည်းသတိထားမိသည်

အိမ့်ကအစားအသောက်နဲ့ပတ်သတ်လျှင်အလွန်နှမြောတတ်သည်

အခုစားသောက်ဆိုင်အတူတူထိုင်သည့်အချိန်‌တွင်လည်း သူမမှာထားတဲ့ မာလာရှမ်းကောကို မကုန်သော်လည်း တစ်စိမ့်စိမ့်စားနေသည်

ဘုန်းထက်မြတ်သော် လည်း တူတစ်စုံကိုယူလိုက်ကာ အိမ့်နဲ့အတူတူစားဖို့လုပ်လိုက်သည်

"အတူတူစားမယ်လေး ကလေး"

"ဟီး အဲ့လိုလုပ်ကြမလား"

"အာ.."

အိမ့်လည်း သူမနဲ့အတူတူစားပေးမယ်ဟုပြောလာသောကြောင့် ပျော်ရွှင်ကာသူမသိပ်ကြိုက်တဲ့ကြက်မဲကို‌ခွံ့ကျွေးလိုက်တယ်

"ကိုကို"

"ဗျာ့"

"Icecream လေး၀ယ်သွားကြရအောင်လေ"

ကားမောင်းနေတဲ့ ဘုန်းထက်မြတ်သော်လည်းကလေးရဲ့အလိုကျ icecream ဆိုင်ရှာရလေတော့သည်

"ကိုကိုဟိုမှာဆိုင်က"

"ဟုတ်ပါပြီဗျာ"

ဆိုင်ရှေ့ကားရပ်ပြီးတဲ့နောက်

"ကလေး strawberry or chocolate"

"လိုက်ကြည့်ပြီး၀ယ်ချင်တာ"

"ဟုတ်ပါပြီဗျာ"

ဘုန်းထက်မြတ်လည်းကားတံခါးကိုဖွင့်ပေးကာ အတူတူ ရေခဲမုန့်ဆိုင်ထဲကို၀င်လာခဲ့တယ်

He Changed For Love🖤 (ongoing)Where stories live. Discover now