Uni
အိမ့်သူအိမ်ပြန်ရောက်တော့ အိမ်နေရင်းအ၀တ်အစားလဲပြီး စာလေ့လာဖို့ စာကြည့်စားပွဲမှာထိုင်လိုက်တယ်
ခမ်းခမ်းနဲ့တခြားသင်တန်းကကလေးတွေကိုသင်ဖို့စာတွေပြန်လေ့လာပြီး အသစ်အဆန်းလေးတွေလေ့လာနေလိုက်တယ်
အိမ့်သူစာတွေလေ့လာပြီး3နာရီအကြာမှတော့ အိမ့်သူလည်းအပျင်းပြေ အကြောတွေဘာတွေဆန့်ကာ စားကြည့်စားပွဲမှထလိုက်ပြီး အားသွင်းထားတဲ့ဖုန်းလေးကိုဖြုတ်ကာ အိပ်ယာပေါ်သို့အားရပါးရလှဲချလိုက်ပြီး
လိုင်းဖွင့်ကာ Facebook ထဲကို၀င်လိုက်တော့ notiမှာfri request တက်နေတာကြောင့်၀င်ကြည့်လိုက်တော့ Bhone Htet Myat Thaw တဲ့
အဲ့တာနဲ့အိမ့်သူလည်း ဟိုလူကြီးအကောင့်ဆိုတာသိလိုက်ပြီမလို့ အကောင့်အရင်ဆုံး လက်မခံသေးပဲ ၀င်မွှေရန် acc ကိုကြည့်လိုက်တော့ profile lockကြီးနဲ့မလို့အရင်ဆုံး fri ပြန်လက်ခံပြီးမှ ၀င်မွှေကြည့်လိုက်တော့တယ်
ဒီလူကြီးကအကောင့်ဖွင့်တာကြာပြီဖြစ်သော်လည်းဘာမှ မတင်မshareထားတော့အိမ့်သူမွှေရန်အလွန်နည်းသွားသည်
အိမ့်သူဘုန်းထက်မြတ်အကောင့်ကိုကြည့်နေတုန်း လိုင်းစိမ်းလာတာကိုတွေ့လိုက်ရတယ်
ချက်ချင်းပင်ဘုန်းထက်မြတ်သော်အကောင့်ကနေ
"Hi"
"Hi"
"အိမ့်ကျွန်တော်ကိုသိလား ကျွန်တော်ဘုန်းထက်မြတ်သော်ပါ"
"ဟုတ်သိပါတယ်"
"အော်ဟုတ်"
အဲ့လိုနဲ့ပဲစကားစပြတ်ပြီး ၅မိနစ်လောက်ကြာတော့
"အိမ့် ညစာစားပြီးပြီလား"
"ညစာမစားရသေးဘူးရှင့်"
"အော် ညစာမစားရသေးရင်စားလိုက်ဦးလေ "
"မေမေ အပြင်ကမှာထားတဲ့မုန့်တွေမရသေးလို့"
"အော်ဟုတ်ပါပြီဗျာ"
အိမ့်သူလည်းဘုန်းထက်မြတ်သော်နဲ့စာအပြန်အလှန်ပို့ရင်းပင် အချိန်က၈နာရီသို့ရောက်သွားတော့သည်
"သမီးရေ ညစားစားရအောင်လေ "
"ဟုတ်မေမေ"
အိမ့်သူလည်းညစားစားဖို့မေမေ့ကိုကူရမှာဖြစ်တဲ့အတွက်ကြောက့်ဘုန်းထက်မြတ်နဲ့စကားစဖြတ်လိုက်ပြီး ထမင်းစားခန်းသို့ဆင်းသွားလိုက်တယ်
ညစာစားဖို့အားလုံးပြင်ဆင်ပြီးသွားတဲ့နောက်မှာ ဖေဖေကလည်းအချိန်ကိုက် ပဲ အ၀တ်စားလဲပြီးထွက်လာတယ်
YOU ARE READING
He Changed For Love🖤 (ongoing)
RomanceUni ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်းကြမ်းလေးဖတ်ချင်ရင်တော့ဖတ်ကြည့်လိုက်တော့နော် ဘုန်းထက်မြတ်သော်+အိမ့်သူသူမောင် Start date-22/7/2024 Zawgyi+Uni Normal fic OC Zawgyi ကိုကိုနဲ့ကလေးပုံစံficလေးတစ်ခုထပ်လာပါပြီရှင့် ချိုချိုကြမ်...
