🖤(Part-18)

1.7K 31 0
                                        

"ရေခဲမုန့်တွေ ဆိုင်မှာလည်းစားခဲ့ပြီးပြီဟာကို ခမ်းခမ်းဟာလည်းထပ်စားလိုက်သေးတယ် တော်ပြီ‌လို့ ပြောတာကို ကိုနားမထောင်ဘူး"

"ဟ စားချင်တာ စားချင်သလိုစားမှာပေါ့"

"ဘာကိစ္စပြန်အော်‌ပြောနေတာလဲ အဲ့ရေခဲမုန့်လောက်ကတော့‌စားချင်‌သလောက်စားလို့ရောဂါမဖြစ်ဘူးဆို တစ်ဆိုင်လုံးအကုန်၀ယ်ကျွေးပစ်တယ် သိလား အများကြီးစားရင်‌ချောင်းဆိုးမှာဆိုးလို့ အထိန်းအကွပ်နဲ့စားဖို့ပြောတာကို"

"အဲ့တာဆိုလည်းအစကတည်းကအဲ့လိုပြောပါလား ဘာလို့ရန်ဖြစ်ချင်‌အောင်စကားကနေစပြောလဲ"

"ဟူးးးး ကိုတောင်းပန်တယ် ကိုမှားတာ"

"ပြီးစလွယ်နဲ့ စိတ်ထဲမပါပဲလာတောင်းပန်နေသေးတယ် စိတ်မပါရင် လာကို...မတွဲနဲ့"

"ဟာ အဲ့တာ ဘာစကားကြီးလဲ"

"ရှင်းရှင်းပဲပြောတာလေ "

"အဲ့တာချစ်သူရည်းစားကြားမှာပြောစရာ‌လား"

"သူငယ်ချင်းတွေကြားမှာသွားပြောရမှာလား"

"အဲ့ရေခဲမုန့်လေးကြောင့်ကို့ ကိုကန့်လန့်တွေတိုက်နေတာဆိုရင် တော်သင့်ပြီထင်တယ် နော် ကိုတို့အတွဲကြားကိုရေခဲမုန့်က၀င်မွှေတယ် ဆိုရင်တော့မဟုတ်သေးဘူး"

"ဘယ်ရေခဲမုန့်မှ ၀င်မမွှေဘူး အကို့စကားပြောပုံကကို‌မွှေနေတာ"

"ကိုယ့်စကားပြောပုံ"

ဘုန်းထက်မြတ်လည်းမိမိရဲ့စကားပြောပုံမှာမည့်သည့်နေရာတွင်ပင်မှားသွားကြောင်းကိုမသိ စဉ်းစားနေမိသည်

"ချစ်သူရည်းစားဆိုတာ စကားပြောရင်နူးနူးညံ့ညံ့ပြောရမှာပေါ့"

ချစ်ရတဲ့ဖြူလုံးလေးက နှုတ်ခမ်းပန်းနုရောင်ဖူးဖူးလေးကို ဆူကာ မိမိအားနူးညံ့စေချင်ကြောင်းကို‌ဖွင့်လာတော့သည်

"အော် ကိုကိုကစိုးရိမ်လို့ စကားတွေကတရက်ဇက်ထွက်သွားတာပါကွာ ‌နော်"

"အဲ့တာဆိုအမြဲအဲ့လိုပဲဖြစ်နေရင်ဘယ်လိုလုပ်မလဲ"

"ကိုကပြင်မှာပေါ့နော် လို့ နော်"

He Changed For Love🖤 (ongoing)Where stories live. Discover now